အေးစိမ့်ထူထပ်သော တောအုပ်တစ်ခုထဲ
ကျနော်ဟာ ပြေးလွှားနေမိသည်။
ခြေဗလာဖြစ်နေတဲ့ ခြေထောက်တွေဟာ
သွေးအလိမ်းလိမ်းနဲ့ နာနာကျင်ကျင်။
ဒါပေမဲ့ ကျနော်ဟာ မရပ်ခဲ့ပါ။နောက်ကျောပြင်တစ်ခု၊ အဲ့ဒီ
နောက်ကျောပြင်ဆီကို ကျနော်ဟာ
သဲကြီးမဲကြီး မောမောပန်းပန်း
ပြေးလိုက်နေမိတာ။ ကျနော့်ကို
ဘယ်တော့မှ ပြန်လှည့်မကြည့်တဲ့
နောက်ကျောပြင် တစ်ခုဆီကို။နာကျင်ရတယ်။ မျှော်လင့်ခြင်းအပြည့်နဲ့ပေမယ့် ပြန်တုန့်ပြန်မခံရတဲ့ တစ်ဖက်သတ်အချစ်ဟာ
ဒီလို နာကျင်ခြင်းမျိုးဘဲ ဖြစ်လိမ့်မယ်။တစ်ချက်လောက် ပြန်လှည့်ကြည့်ဖို့၊
ကျနော် အော်ခေါ်လိုက်ဖို့
ကြိုးစားပေမယ့်၊ ကြိုးစားလိုက်တိုင်း
စကားလုံးတွေဟာ ထွက်မလာခဲ့။ပြီးတော့ ချောက်ကမ်းပါးစွန်းကိုရောက်သွားတဲ့
ကျနော့်ရဲ့ ခြေလှမ်းတွေ။ကျနော် မထိန်းချုပ်လိုက်နိုင်။အသည်းထဲ
အေးခနဲ ဖြစ်သွားတဲ့ခံစားချက်နဲ့
အတူ ကျနော်ဟာ အာခေါင်ခြစ်
အော်မိလိုက်တယ်။"ကိုကို...."
ဗြုန်းခနဲ ကျနော်လန့်နိုးလာခဲ့သည်။
မျက်ဝန်းတွေကို ဖွင့်ဖွင့်လိုက်ခြင်းမှာ
ကျတော် ယောင်ယမ်းအော်မိတဲ့လူဟာ
ကျနော့် အနားရောက်မှာနေပြီး ကျနော့်ကို
စိုးရိမ်တကြီးမျက်ဝန်းတွေနဲ့
ကြည့်နေလို့။ မောဟိုက်နေတာကြောင့်
နိမ့်ခြည်၊ မြင့်ခြည် ဖြစ်နေတဲ့
ရင်ဘတ်ကို ကျနော်လက်နဲ့
အသာဖိထားရတယ်။အိမ်မက်ဆိုးတွေ မက်နေခဲ့တာဘဲ၊ ဒါပေမဲ့
အိမ်မက်မှန်း သိသွားပြီးတာတောင်
ကျနော်ဟာ ပင်ပန်းနေဆဲ။ ပြီးတော့
အမည်ဖော်မရတဲ့ ဝမ်းနည်းမှုကို
ကျနော် ခံစားမိနေဆဲ။"ရေသောက်လိုက်...ဖြည်းဖြည်းသောက်နော်
ဘာမှမဖြစ်ဖူး...Sunoo က အိပ်မက်ဆိုးတွေ
မက်နေခဲ့တာ...."သူကျနော့်ကို ကမ်းပေးလာတဲ့ ဖန်ခွက်ထဲက
ရေကို ကျနော် မြန်မြန်ယူပြီး
သောက်လိုက်သည်။ ကျနော့် လက်တွေဟာ
တုန်နေတယ်..။ သိသိသာသာကို ဖြစ်နေတာမို့
အနားက လူဟာ ကျနော်သောက်နေတဲ့
ဖန်ခွက်ကို ထိန်းကိုင်ပေးထားရတယ်။
YOU ARE READING
Between Us { HEESUN }
FanfictionLee Heeseung- Kim Sunoo From every step to get each other's heart...