Two

1.4K 186 16
                                    

အဝါရောင်မီးရောင်နဲ့အခန်းပြည့်ခင်းထားတဲ့
အညိုရောင် ကော်ဇောထူထူတွေရယ်။
အစီအရီ စီတန်းနေတဲ့စာအုပ်စင်ကြီးတွေနဲ့
သက်သောင့်သက်သာရှိလှတဲ့ ထိုင်ခုံတွေရယ်။
စာကြည့်ခန်းဟာ တစ်အိမ်လုံးမှာငယ်ငယ်ထဲက
ကျနော့် အကြိုက်ဆုံးနေရာ ဖြစ်တယ်။

လက်ထဲက ဖတ်ပြီးသွားတဲ့ Nicholas Sparksရဲ့
The Notebook ကို ပိတ်လိုက်ပြီး မျက်လုံးတွေကို
ကျနော် မှိတ်ထားလိုက်မိသည်။ ကျနော့်စိတ်ဟာ
ရှင်းရခက်တဲ့ ချည်မျှင်တွေလို ရှုပ်ထွေးလို့။
အခုထိ သေသေချာချာ နေပြန်မကောင်းသေးလို့
များ ဒီလိုဖြစ်နေသလားတော့ မသိ။

"Sometimes we need to be apart to understand just how much we truly love each other."

ခုနက ဖတ်ထားတဲ့ ဝတ္ထုထဲက မှတ်မိနေတဲ့ စာ
ကြောင်းကို ပါးစပ်လှုပ်ရုံ ဖွဖွလေး ကျနော်
ရေရွတ်လိုက်မိတယ်။ တစ်ခါတလေမှာ တစ်
ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်မိနေတာ
ကို နားလည်ဖို့အတွက် ကျနော်တို့ဝေးကွာသွားဖို့
လိုပါတယ်တဲ့။

အချစ်။ အချစ်ဆိုတဲ့ ခေါင်းစဉ်ကို အခုချိန်မှာ
ကျနော်ဟာ သေချာနားမလည်။ ကျနော့်ရဲ့
ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်ထဲက နှစ်တွေမှာရော
ကျနော်ဟာ အချစ်ကို နားလည်ခဲ့သလား။

ဘာရယ်ကြောင့်မှန်းမသိပေမယ့် ကျနော်
သက်ပြင်းချလိုက်မိသည်။

ဒါပေမဲ့ ကျနော် ဆက်မတွေးဖြစ်လိုက်။
တံခါးခေါက်သံတိုးတိုးနဲ့အတူ ဒေါ်လေး Meiရဲ့
ဝင်လာခဲ့မယ်နော် အသံကြောင့် အတွေးတွေဟာ
ခဏ ရပ်သွားရတယ်။

..................................

"လူကြီးချင်း လက်ထပ်ပေးတာဆိုတော့ ကျနော့်
အိမ်ထောင်ရေးက အဆင်ရော ပြေရဲ့လားဟင်
Lee Heeseungနဲ့ ကျနော်က ချစ်ချစ်ခင်ခင်ရော
ရှိကြလား..."

ကျနော် လှမ်းမေးလိုက်တာကြောင့် ပြန့်ကျဲနေတဲ့
စာအုပ်တွေကို လိုက်စုနေတဲ့ ဒေါ်လေး Meiက
ပြုံးရင်း ကျနော့်ကိုလှည့်ကြည့်သည်။
စိတ်ထင်တာလား မသိပေမယ့်သူမ အကြည့်က
တစ်မျိုး ထူးဆန်းနေတာကိုတော့ ကျနော်
သတိထားမိသလိုပင်။

"Sunooတို့ နှစ်ယောက်က အဆင်ပြေပါတယ်။
နှစ်ယောက်လုံးက ကိုယ်စီ အလုပ်ရှုပ်နေကြ
ပေမယ့် အေးအေး ဆေးဆေးပါဘဲ..ရန်ဖြစ်တာ
ဘာညာလဲတစ်ခါမှ ဒေါ်လေး မတွေ့ဖူးဘူးပါဘူး"

Between Us { HEESUN }Where stories live. Discover now