" အိမ်မှာ အေးအေးဆေးဆေးနေတာက
ပိုမကောင်းဘူးလား...ကိုယ့်ရုံးခန်းထဲမှာ
Sunoo စိတ်ဝင်စားစရာလဲ ဘာမှမရှိဘူး..
ဒီအတိုင်းကြီး တစ်ညနေလုံး ပျင်းနေရမှာ.."ပြန်မပြောတော့ဘဲ ခေါင်းဘဲခါပြပြီး
ကျနော်ဝင်လို့ရအောင် သူအဆင်သင့်
ဖွင့်လာပေးတဲ့ တံခါးဆီကနေ
သူ့ရုံးခန်းထဲကို ကျနော်ဝင်လာလိုက်တယ်။ဒီတစ်မနက်လုံးဟာ ကျနော့်ရဲ့
follow-upရှိတာမို့ ကျနော်တို့နှစ်ယောက်လုံး
ဆေးရုံမှာဘဲ အချိန်ကုန်သွားကြတာ။
နေ့လယ်စာကိုလဲ အပြင်မှာဘဲစားကြပြီးနောက်
ကျနော်ဟာ အိမ်ပြန်ပို့မှာကို လက်မခံဘဲ
သူ့ရုံးခန်းဆီကို ကပ်ပါလာသည်။အခန်းပတ်ဝန်းကျင်ကို ကျနော်မျက်စိဝေ့
ကြည့်တော့ minimalist ဖြစ်လွန်းတဲ့
အခန်း အပြင်အဆင်ဟာ ပိုင်ရှင်လိုဘဲ။
အပိုအလို တစ်ခုမှ မရှိဘဲ ရိုးရှင်းတယ်။
ဒါပေမဲ့ အဲ့ဒါကိုက ဆွဲဆောင်မှု
တစ်မျိုးဖြစ်နေခဲ့တာ။" ကျနော် စာဖတ်နေပြီး ကိုကိုအလုပ်ပြီးတဲ့
အထိ စောင့်လို့ရတာဘဲ..."အဖြူရောင်ဆိုဖာရှည်ပေါ် ကျနော်
ဝင်ထိုင်လိုက်ပြီးနောက် သူသယ်လာပေးတဲ့
အိတ်ထဲက ကျနော့်Kindleကို
ထုတ်လိုက်သည်။ အိမ်မှာလဲ
ကျနော် ပျင်းပျင်းရှိ စာဘဲ ဖတ်ဖြစ်နေမှာ။
အဲ့ဒီတော့ သူအနားမှာရှိပြီး
စာထိုင်ဖတ်နေရတာက ပိုမကောင်းဘူးလား။" Sunoo..."
ထိုင်နေတဲ့ ကျနော့်အရှေ့မှာ သူဟာ
ဒူးထောက်ထိုင်ချသည်။ ပြီးတော့
ကျနော့်လက်တွေကို ခပ်ဖွဖွဆုပ်ကိုင်ရင်း
သေချာကြည့်ကာ.." တစ်ခုခုကို သတိရတာမျိုး..ခေါင်းကိုက်တာ၊
ခေါင်းမူးတာမျိုး တကယ် ဘာမှ
မဖြစ်ဖူးလားဟင်..."ဆေးရုံမှာ ဆရာဝန်နဲ့တွေ့တုန်းက
ကျနော် ဘာမှမဖြစ်ပါဘူးပြောတုန်းက
သူဟာ အနားမှာ ရှိနေခဲ့တာ။ ဆရာဝန်က
ဘာမှမဖြစ်ပါဘူး ပြောတာတောင်
ကျနော့် အခြေအနေကို သူစိတ်ပူနေတာက
အသိသာ။ အခုလဲ အဲ့ဒီတုန်းက
မေးခွန်းကို ထပ်မေးလာပြန်သည်။ကျနော်ပြုံးပြပြီး ခေါင်းခါပြလိုက်တယ်။
စိတ်လျှော့လိုက်သလို ခေါင်းတစ်ဆတ်ဆတ်
ညိတ်ပြီးနောက် သက်ပြင်းတစ်ချက်ချပြီး
ကျနော့် အနားက ထွက်သွားသည်။
YOU ARE READING
Between Us { HEESUN }
FanfictionLee Heeseung- Kim Sunoo From every step to get each other's heart...