Four

1.2K 169 29
                                    

"ဒီလောက် ပြောနိုင်ပုံအရဆိုတော့
နင်တော်တော်တော့ မှတ်မိနေသားပါဘဲ..
ငါ့နဲ့ ပတ်သက်သမျှလဲ မကောင်းတာ
မှန်သမျှ အကုန်မှတ်မိနေတာနော်...
တကယ်ပါဘဲ...."

ကျနော် သူမကို ပခုံးတွန့်ပြပြီး စားလက်စ
ကိတ်ပေါ်ကိုသာ ပြန်အာရုံစိုက်နေလိုက်သည်။

"အင်း...ဒါပေမဲ့ နင်ကို့ကြည့်ရတာ
ငါမဆင်မပြေဘူး..နင်က နင်နဲ့မတူဘဲ
အိုလိုက်တာ..စကားပြောနေရတာလဲ
တစ်မျိုးဘဲ...."

ကျနော့် ပြန်ပြောတဲ့စကားကို သူငယ်ချင်းမဟာ
စိတ်ဆိုးပုံမရပါ။ တဟားဟားအော်ရယ်ရင်း
စားပွဲပေါ်က mint chocolate cakeကို
ထပ်လှီးပြီး ကုန်စပြုနေပြီဖြစ်တဲ့
ကျနော့် ပန်းကန်ထဲကို
ထပ်ထည့်ပေးသည်..။

ခုနက ငိုနေတာသူမဟုတ်တဲ့ အတိုင်းဘဲ..။

Yuraဟာ ကျနော့်ရဲ့ သူငယ်ချင်းလို့
ပြောလို့ရတဲ့ တစ်ဦးတည်းသူဖြစ်တယ်။
ကျနော်ဟာ သေသေချာချာပေါင်းတဲ့
သူငယ်ချင်းများများစားစား မရှိ။
ရင်းနှီးတဲ့သူများပေမယ့် စိတ်မထင်ရင်
မထင်သလို လုပ်တတ်တဲ့
ကျနော့်အချိုးတွေရယ်၊ ပြဿနာတစ်ခုခု
ဖြစ်တာနဲ့ ချက်ချင်းရောက်ချလာတဲ့
ကျနော့်အိမ်က ရှေ့နေတွေရယ်ကို
ကြောက်ကြတာမို့ တကယ်ရင်းနှီးတဲ့သူဆိုတာ
ကျနော့်ဆီမှာ မရှိပါ။ ဒါပေမဲ့ အဲ့ဒီလို
ဖြစ်နေလို့လဲ ကျနော်က ဂရုမစိုက်ပါ။

" Sunoo...ya...ခုနက ကတိပေးထားတဲ့အတိုင်း
နင် ပြန်သတိရလာရင်လဲ ငါနဲ့ အခုလိုဘဲ
နေရမယ်...ငါ့ကို စိတ်ဆိုးပြေရမယ်နော်.."

Yara ပြောတာကို ပြီး ပြီးရောသဘောနဲ့
ကျနော် မြန်မြန်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
မေ့နေခဲ့တဲ့ နှစ်တွေမှာ ကျနော်ဟာ
Yuraကို စိတ်ဆိုးနေခဲ့တယ်..။
လုံးဝ အဆက်အသွယ်မလုပ်တဲ့အထိ၊
ကျနော့် wedding ကိုပါ မဖိတ်တဲ့အထိတဲ့။
Yura ပြောစကားအရဆို
သူမဟာ တစ်နှစ်လောက်တိတိ
ကျနော့်ဆီ စာတွေပို့နေခဲ့တာကိုလဲ
ကျနော်ဟာ မပြန်ခဲ့ပါ။
ဒါပေမဲ့ စိတ်ဆိုးရတဲ့ အကြောင်းအရင်းဟာ
Shin Yuraဟာ ကျနော့်ကိုထားခဲ့ပြီး
States ကို ထွက်သွားခဲ့တာကြောင့်ဆိုတော့
ဒါဟာ အဲ့ဒီလောက်အထိ
စိတ်ဆိုးသင့်သည်လို့ ကျနော် ထင်တယ်..။

Between Us { HEESUN }Where stories live. Discover now