Eleven

2.6K 203 31
                                    

အတွင်းရေးမှူးချွဲနောက်က လိုက်ဝင်လာတဲ့
ကျနော့်ကို သူဟာ ရုတ်တရက်
သတိထားမိပုံမရ။ တစ်စုံတစ်ခုကို
သဲကြီးမဲကြီး အာရုံစိုက်ဖတ်နေရင်းကနေ
ခဏနေတော့မှ အခန်းထဲမှာ နောက်တစ်ယောက်ပါ
ထပ်ရှိနေတာကို သတိထားမိသွားပုံ
ပေါ်ပါသည်။

ဖိုင်နှစ်ခုကို စားပွဲပေါ်တင်ပေးကြီးနောက်
အတွင်းရေးမှူးချွဲဟာ ကျနော့်တို့နှစ်ယောက်ကို
ဘာမှမပြောတော့ဘဲ သူ့ဘာသာသူ ပြုံးပြုံး
ပြုံးပြုံးနဲ့ ကျနော့်ကို ဦးညွှတ်၊ နှုတ်ဆက်ပြီး
နောက် အခန်းထဲက ပြန်ထွက်သွားသည်။
အတွင်းရေးမှူးချွဲ ပိတ်သွားတဲ့တံခါးရဲ့
လော့ကျသံကို ကြားပြီး ဘာမှ မဟုတ်သလို
နေနေပေမယ့် သူ့နားရွက်လေးတွေ
သိသိသာသာ နီသွားလေတယ်။
ရုတ်တရက် အဲ့ဒီလိုပုံစံကိုကြည့်ရင်း
ကျနော်ကတော့ ရယ်ချင်သွားတာမို့
မရယ်ဖြစ်အောင် နှုတ်ခမ်းတွေကို
ကမန်းကတန်း ကိုက်ထားလိုက်ရသည်။

" ပြောပါဦး...ကိုယ့်ဆီကို
ဘယ်လို စိတ်ကူးပေါက်ပြီး
ရောက်လာရတာလဲ..."

မျက်မှန်ကို လက်ချောင်းတွေနဲ့ ပင့်တင်ရင်း
ပြုံးပြီးမေးလာသူကို ကျနော်
သဘောတကျကြည့်ပြီး ပြုံးလိုက်သည်။
နေ့ခင်း သုံးနာရီ အချိန်ကြီးမှာ
ဖုန်းမဆက်၊ ဘာမဆက်နဲ့ ရုတ်တရက်ကြီး
ကျနော်ရောက်ချလာမယ်လို့
သူလဲ မျှော်လင့်ထားပုံမရပါ။
ဆိုဖာပေါ်ဝင်ထိုင်ရင်း ခြေထောက်တွေကို
ဆန့်ထုတ်ကာ ဘာမှပြန်မဖြေသေးဘဲ
ပြောစရာတွေကို ကျနော်အရင်စီနေမိတယ်။
တကယ်ဆို ကျနော် ဒီတစ်မနက်လုံး အပြင်မှာဘဲ
လျှောက်သွားရင်း အချိန်ကုန်ခဲ့တာ။

" မနက်က အန်တီနဲ့ ပန်းချီပြပွဲ တူတူသွားတယ်..
အဲ့ဒီက ပြန်တော့ နေ့လယ်စာကို
အပြင်မှာဘဲ တူတူစားကြပြီး..အန်တီက
အိမ်ပြန်သွားပေမယ့် ကျနော်က
ကျနော်တို့ ဝင်နေကျ စာအုပ်ဆိုင်ကို
ဝင်တယ်..အင်း.. အဲ့ဒီမှာ
နည်းနည်းကြာသွားသေးတာ...
ပြီးတော့ ဗိုက်ဆာလာတာရယ်၊ ဆိုင်ပုံစံက
ချစ်စရာလေးမို့လို့ရယ်မို့ အဲ့ဒီနားက
အသစ်ဖွင့်ထားတဲ့ ကော်ဖီဆိုင်ကို
ဝင်တယ်..ကော်ဖီဆိုင်က
သေးသေးလေးပေမယ့် တကယ်
သဘောကျစရာလေး...ကိုကို့ကို
နောက်ကျရင် ခေါ်သွားမယ်..ပြီးတော့
အဲ့ဒီဆိုင်က carrot cake က
တော်တော်ကောင်းတာမို့...
ကိုကို့ကို စားစေချင်လို့ ဝယ်လာပြီး
ကျနော်ဒီကို ရောက်လာခဲ့တာဘဲ..ဆိုပါတော့."

Between Us { HEESUN }Where stories live. Discover now