Seven

1.3K 171 42
                                    


" မခွံ့ကျွေးပါနဲ့တော့..
ကျနော့် ဘာသာစားနိုင်ပါပြီ..."

အငွေ့ တထောင်းထောင်းထနေတဲ့
စွပ်ပြုတ်ပန်းကန်ဟာ ကျနော့်ရှေ့မှာ
အဆင်သင့်။

ရေချိုးခန်းမှာ သတိလက်လွတ်
အိပ်ပျော်သွားတဲ့ နောက်ဆက်တွဲ
အကျိုးဆက်ဟာ သုံးရက်တိတိမထနိုင်ဘဲ
ကျနော့်ကို ဖျားနာစေခဲ့သည်။

ခပ်နွေးနွေးအနေအထားနဲ့ စွပ်ပြုတ်ကို
ကျနော် ခေါင်းငုံ့ပြီး တစ်ဇွန်းစီ
ခပ်သောက်နေမိတယ်။ အရင်ရက်တွေမှာ
ကျနော့်ကို ဂရုတစိုက် ခွံ့ကျွေးတတ်သူကတော့
သူ့ညစာကို စ မစားသေးဘဲ ကျနော့်
အခြေအနေကို အကဲခတ် နေလေတယ်။

" Sunoo...အခုတလော စိတ်မကြည်ဘူးလား
တစ်ခုခုဖြစ်နေတာလားဟင်.."

"ကောင်းပါတယ်...ကျနော် နေမကောင်းလို့
တမျိုးဖြစ်နေတာ နေမှာပါ..ဘာဖြစ်လို့လဲဟင်.."

ဒါက အမှန်ပင်။ တကယ်ကို ကျနော်ဟာ
ဖျားနာနေခဲ့တာ။ လူက သက်သာသွားပေမယ့်
ကျနော့်ရဲ့ စိတ်နှလုံးဟာ အခုထိ ဖျားနာဆဲ။
ကျနော် ဒါကိုရှင်းပြမတတ်ပါ။

" အခုတလော တစ်ခုခုကို တွေးနေပြီး
အရမ်းငြိမ်နေတာ...ဘာကိုမှလဲ
အာရုံမရသလားလို့လေ...အဖွားဆီက
လက်ဆောင်ရောက်လာတာကိုလဲ..
ဘာမှန်းဆိုတာကိုတောင်.. ဖွင့်တောင်
မကြည့်တော့ဘူး..နေမကောင်းတာ ကြောင့်ဘဲလား....Sunoo တစ်ခုခုများ ဖြစ်နေ သလားလို့..
ကိုယ့်မှာ မျက်စိဒေါက်ထောက်ပြီး
မင်းမျက်နှာ အရိပ်အကဲကို
လိုက်ကြည့်နေရတယ်...."

ဆက်ခနဲတုန်သွားတဲ့ ဇွန်းခရင်းကိုင်ထားတဲ့
လက်တွေကို ကျနော်မြန်မြန်ဘဲ
ပြန်ထိန်းလိုက်ရသည်။ ဒီရက်ပိုင်းတွေမှာ
မြင်ယောင်နေမိတဲ့ နာကျင်စရာ
ပုံရိပ်တွေ၊ အဖြစ်အပျက်တွေ အကြောင်းကို
ကျနော်ဟာ သူ့ကို မပြောပြပါ။

ကျနော်ဟာ ကိုယ့်ဘာသာကို လိမ်နေမိတာ..။
အဲ့ဒီ ခံစားချက်ဟာ ဆိုးဝါးပေမယ့်။
သိပ်ကို ဆိုးဝါးလွန်းပေမယ့်လို့..။

ရုတ်တရက် ကျနော်မော့ကြည့်တော့
ကျနော့်ကို ပြုံးပြီး စိုက်ကြည့်နေသော
သူကို တွေ့တယ်..။

Between Us { HEESUN }Where stories live. Discover now