ကိုယ့်ကိုကို ခွင့်လွှတ်လိုက်ပါ..
ပြီးတော့ ကိုယ့်ကိုကို ချစ်မြတ်နိုးဖို့
အရင်သင်ယူပါ...။ဆွေးနွေးခန်းထဲက ပြန်ထွက်လာတဲ့
တစ်လျှောက် အဲဒီ ဝါကျနှစ်ကြောင်းကိုဘဲ
ကျနော် တွေးနေမိတယ်။ တစ်ပတ်တစ်ခါ
လာရောက် စကားပြောနေရတဲ့
စိတ်ပိုင်းဆိုင်ရာ အကူအညီအတွက်
ဆွေးနွေးမှု sessions တွေဟာ
တကယ်တော့ အထောက်အကူဖြစ်သည်
ပြောရမယ်။ ကျနော့် စိတ်ဒဏ်ရာတွေဟာ
ထိုက်သင့်သလောက် သက်သာရာရခဲ့သလို
ကျနော့်ဟာ အရင်ကလောက်
စိတ်လိုက်မာန်ပါ ဒေါသကြီးတာ၊
အစွန်းရောက်တာမျိုး နည်းပါးသွားခဲ့သည်။ကျနော်လျှောက်ထွက်လာတော့
Waiting area မှာတစ်ယောက်သောသူဟာ
ဖုန်းကို ငုံ့ကြည့်ရင်း ကျနော့်ကို
စိတ်ရှည်၊ လက်ရှည်စောင့်နေဆဲ။
ဆေးရုံကို လာတဲ့အခေါက်တိုင်းမှာ
တစ်ခါမှ မလွတ်အောင် အမြဲလိုက်ပို့၊
လိုက်စောင့်နေတဲ့ သူ့ကို ကျနော်
တကယ် အားနာရသည်။
ကျနော်တို့ဟာ ဘာမှလဲ မဆိုင်ကြတော့ဘဲနဲ့။
သူရဲ့ သနားဂရုဏာစိတ်ကို
ကျနော်ဟာ အခွင့်အရေးတွေ
ယူနေမိတာမျိုးဖြစ်နေလားလို့
တွေးမိတိုင်းလဲ စိတ်မသက်မသာ
အမြဲဖြစ်ရပြန်တယ်။ကျနော် အနားရောက်သွားတာကို
သူဟာ ရုတ်တရက် သတိထားမိပုံမရ။
ခဏကြာမှ အနားမှာရပ်နေတာကို
သတိမူမိပြီး ထိုင်နေရင်းမှ
မော့ကြည့်ကာ ပြုံးပြသည်။" ပြီးသွားပြီလား...ဒီတစ်ခေါက်ရော
အဆင်ပြေပြေဘဲ မဟုတ်လား...""အင်း...ပြေပါတယ်..."
" ပြန်ကြမယ်လေ...Sunoo..ဝင်ချင်တာ
ရှိသေးလား..."ကျနော် ခေါင်းခါပြလိုက်ပြီးနောက်
သူလဲထရပ်ကာ ပြန်ကြဖို့လုပ်သည်။
ကားပါကင်အထိကို ခပ်ခွာခွာ
အနေအထားနဲ့ လျှောက်လာကြရင်း
ကျနော်တို့ နှစ်ယောက်လုံးဟာ
တိတ်တိတ်ဆိတ်ဆိတ်ဘဲ။
လွန်လေပြီးသော လတွေမှာ
ဘေးချင်းယှဉ်လျှောက်ကြရင်တောင်
သူ့လက်ကို မလွတ်တမ်း
အမြဲတွဲချိတ်ထားတတ်တဲ့ ကျနော့်အဖြစ်ကို
ကျနော်ပြန် မြင်ယောင်မိတော့
ခပ်ယဲ့ယဲ့ ပြုံးမိပြန်တယ်။အခုကျတော့လဲ။
" ကို...ခင်ဗျား..နောက်အခေါက်တွေ
မလိုက်လာပေးလဲ ရပါပြီ....
ကျနော့် အခြေအနေက ကားပြန်မောင်းဖို့
အဆင်ပြေနေပြီလို့ ဆရာဝန်က ပြောတယ်..
သက်သက်ကြီး အလုပ်ရှုပ်မခံပါနဲ့..."
YOU ARE READING
Between Us { HEESUN }
FanfictionLee Heeseung- Kim Sunoo From every step to get each other's heart...