သူ့ဘဝမှာ အားလုံးဟာ ပြည့်စုံတယ်။
တော်ရုံသာမာန် မိသားစုထဲကလဲ
မဟုတ်တဲ့အပြင် ကြင်နာနွေးထွေးတဲ့
မိဘတွေ၊ သူ့အပေါ် အမြဲငဲ့ညာပြီး
နားလည်ပေးတတ်တဲ့ အစ်ကို၊
ဆိုးဆိုးကောင်းကောင်း အနားမှာ
အမြဲရှိမယ့် သူငယ်ချင်းတွေ...
တကယ်ကို ပြည့်စုံတာထက်ကို ပိုပါတယ်။မြင်ကွင်းထဲ ခဏခဏရောက်လာတတ်တဲ့
အရုပ်လေးလို မျက်နှာလှလှလေးနဲ့
ခပ်ဆိုးဆိုး ဂျူနီယာ ကောင်လေးဟာ
ဘယ်လိုအကြောင်းတရားကြောင့်
သူ့ဘဝကို အတင်းဝင်ရောက်လာခဲ့သလဲ
ဆိုတာကို သူခဏခဏတွေးမိပါတယ်။
ဂျစ်ကန်ကန်၊ ဒေါသတကြီး အမူအရာတွေနဲ့
ရန်လိုတတ်တဲ့ အပြုအမူတွေမှာ
သူဟာ 'အချစ်ကြောင့်' ဆိုတာမျိုးကို
မစဉ်းစားခဲ့ဘူးတာကိုတော့
သူဝန်ခံပါသည်။ သူနားလည်လက်ခံထားတဲ့၊
တစ်ခါမှလဲ မခံစားဖူးတဲ့ အချစ်ဆိုတာ
ဒီလိုမျိုးတော့ မဟုတ်လောက်ပါဘူးလို့
သူထင်ခဲ့တာကိုး..။အဲ့ဒီနောက်မှာ ပစ္စည်းတစ်ခုကို
သက်မှတ်လိုက်သလိုမျိုး
'သူ့ကို လိုချင်တာ'ဆိုတဲ့
ထို ကောင်လေးကြောင့်ဘဲ
အမြဲအစီအစဉ်တကျ သူ့ဘဝဟာ
မမျှော်လင့်ထားသမျှတွေနဲ့ အကုန်
ကမောက်ကမဖြစ်ခဲ့ရတော့တယ်..။Kim အိမ်ရဲ့ အဓိပ္ပာယ်မရှိတဲ့
ခြိမ်းခြောက်မှုမှာ သူ့အပေါ်
အတင်း မတောင်းဆိုရက်ဘဲ အားနာလွန်းလို့
အိပ်ယာထဲ လဲသွားခဲ့တဲ့မိခင်ရယ်...
နေ့နေ့ညည စိတ်ဖိစီးလွန်းလို့
ခေါင်းမထူနိုင်တဲ့ ဖခင်နဲ့ အစ်ကိုရဲ့
မျက်နှာကို သူဟာ မကြည့်ရက်ခဲ့..။
အတင်းတောင်းဆိုထားတဲ့ စာချုပ်ပေါ်က
လက်ထပ်မှုတစ်ခုမှာ သူဟာ
တစ်စုံတစ်ယောက်ရဲ့အပိုင်အဖြစ်လာခဲ့တယ်။
သက်မဲ့ ပစ္စည်းတစ်ခုလိုမျိုး..။
အရုပ်တစ်ရုပ်လိုမျိုး..။အရှုံးသမား တစ်ယောက်လို
သူစွန့်လွှတ်ခဲ့လိုက်ရတာတွေဟာ
အများကြီး။ သူဟာ ဘယ်တုန်းကမှ
စီးပွားရေးဆိုတဲ့နယ်ပယ်ကို စိတ်မဝင်စားခဲ့သလို
အရာရာ တာဝန်ယူဦးဆောင်မယ့်
အစ်ကို ဖြစ်သူကြောင့် စိတ်မဝင်စားခွင့်လဲ
ရှိခဲ့တယ်..။ သူအရမ်း ထူးချွန်တဲ့
ပညာရေးကိုဘဲ ပါရဂူဘွဲ့ရတဲ့အထိ
သူအာရုံစိုက်မယ်..။ ပြီးတော့ နှလုံးသားက
တကယ် လိုလိုလားလား ချစ်ရတဲ့သူနဲ့
လက်တွဲပြီး ဘဝကို အေးအေးချမ်းချမ်း
ရိုးရိုးရှင်းရှင်းဘဲ ဖြတ်သန်းမယ်။
YOU ARE READING
Between Us { HEESUN }
FanfictionLee Heeseung- Kim Sunoo From every step to get each other's heart...