"ကျနော် တကယ် တောင်းပန်ပါတယ်..."
" တော်ပါပြီကွယ်...ရောက်လာထဲက
တောက်လျှောက် ဒါကိုဘဲ
ထပ်ခါထပ်ခါပြောနေတာ...
Sunoo....မမောသေးဘူးလား..."မသက်မသာနဲ့ ခေါင်းအသာညိတ်ပြပြီးနောက်
ကျနော် ခေါင်းငုံ့ချလိုက်မိသည်။
မျက်နှာချင်းဆိုင်က ရှိရင်းစွဲ
အသက်အရွယ်ထက် အများကြီးနုပျိုတဲ့
အမျိုးသမီးကြီးဟာ ကျနော့် ပုံစံကိုကြည့်ပြီး
သက်ပြင်းတစ်ချက် ချကာ
အနေခက်သလို ခပ်ဖွဖွပြုံးသည်။ကိုကို့အမေဟာ စိတ်ထားနူးညံ့ပြီး
ကြင်နာတတ်သူဖြစ်တဲ့အတိုင်း
အရင်ထဲကလဲ ကျနော့်အပေါ်
သဘောမကျတာတောင်
အနေခက်အောင်တော့ မလုပ်ပါ..။
ပြောရမယ်ဆို ကျန်တဲ့
မိသားစုတွေဝင်ကလဲ အဲ့ဒီလိုပါဘဲ..။
ကျနော်နဲ့ ခပ်ကင်းကင်း
နေကြတာမျိုးကလွဲရင် မုန်းတီး၊
အပြစ်တင်လိုတဲ့ အပြုအမူမျိုးတွေ
သူတို့မှာ မရှိပါ.။ ဘယ်သူ ဘယ်လောက်
ဆိုးဆိုး၊ ကိုယ့်ရဲ့ကောင်းတဲ့ပင်ကိုယ်စိတ်ကို
တော့ အရောင်ဆိုးမခံဘူးဆိုတဲ့
လူစားမျိုးတွေ။ဒါပေမဲ့ အခုအခြေနေမှာတော့
ကျနော်တို့ နှစ်ယောက်လုံး နေရခက်သည်။
ဒီကို စရောက်လာထဲက
အမေဖြစ်သူရှေ့မှာ သူမ သားကို
တကယ် မေတ္တာရှိကြောင်းတွေ ပြောပြီး၊
ကျနော့် အမှားတွေ အတွက်
ထပ်ခါထပ်ခါ တောင်းပန်နေရတာမျိုးဟာ
ကျနော့် အတွက်လဲ တကယ်
မလွယ်ကူလှသလို နားထောင်နေရတဲ့
သူမအတွက်လဲ မလွယ်ကူတဲ့ပုံမျိုးပါဘဲ..။ခဏကြာအောင် ဘာမှမပြောဖြစ်ကြဘဲ
နှစ်ယောက်ကြားက ခဏတိတ်ဆိတ်သွားတဲ့
လေထုဟာ တတီတီမြည်လာတဲ့
ဖုန်းသံကြောင့် ပြန်အသက်ဝင်လာသည်။" Sunoo...ခဏနော်...အန်တီ
ဖုန်းခဏ ပြောလိုက်ဦးမယ်နော်..."ကျနော်ခေါင်းညိတ်ပြတော့ သူမက
တစ်ချက်ပြုံးပြပြီး ဖုန်းကိုကိုင်ရင်း
ခပ်လှမ်းလှမ်းမှာ သွားပြောနေလေတယ်။
ကိုကို့အဖေနဲ့ အစ်ကိုက အလုပ်မှာမို့လို့ရော၊
အစထဲက ဒီအိမ်မှာက အိမ်အကူအများကြီး
မရှိတာမို့လို့ရောကြောင့် တစ်အိမ်လုံးက
တိတ်ဆိတ် နေသည်။ ဟိုကြည့်၊ ဒီကြည့်နဲ့
ကျနော် လက်ချောင်းလေးတွေကို
ပွတ်ရင်း ဘယ်လိုနေလို့၊
ဘယ်လိုထိုင်ရမှန်းလဲ မသိပါ..။
YOU ARE READING
Between Us { HEESUN }
FanfictionLee Heeseung- Kim Sunoo From every step to get each other's heart...