76 ရုံး၊ မြေအောက်ခန်း။
အတွင်းအကျဆုံး သံတံခါးကြီးကို တွန်းဖွင့်လိုက်တဲ့အခါ ရှည်လျားပြီး ကျဉ်းမြောင်းတဲ့ လမ်းကြားလေး ပေါ်လာတယ်။ အထဲမှာ မှောင်မဲပြီး စိုစွတ်နေတယ်။ လှေကားအတိုင်း ဆင်းသွားတဲ့အခါ မြေကြီးပေါ်မှာ သွေးခြောက်တွေ စွန်းထင်းနေတယ်။ အိုဟောင်းတဲ့ သံချေးနံ့နဲ့ ရောနှောသွားတဲ့အခါ မသတီစရာကောင်းတဲ့ အနံ့တွေ လှိုင်နေပြီး လူကို အော့အန်ချင်တဲ့စိတ် ဖြစ်စေတာမို့ ယောင်ယမ်းပြီး သူ့မျက်နှာနဲ့ နှာခေါင်းပေါ် လက်နဲ့ ဖုံးကာလိုက်တယ်။
ဒီနေရာဟာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး အမြဲတစေ မှောင်မဲနေတာမို့ လောကကြီးရဲ့ လှုပ်ရှားသက်ဝင်မှုတွေ ဒီနေရာမှာ မရှိဘူး။ လမ်းကျဉ်းလေးထဲမှာ ခပ်မှိန်မှိန်မီးရောင်တွေ တဖျတ်ဖျတ်လက်နေပြီး ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ အခြေအနေကို ဖန်တီးနေတယ်။ ဒီအမှောင်လမ်းကျဉ်းလေးဟာ ငရဲပြည်ကို သွားတဲ့လမ်းလိုပဲ။
ထူးဆန်းတဲ့ တိတ်ဆိတ်မှုက ခဏပဲ ကြာတယ်။ လမ်းအဆုံးမှာ အော်ဟစ်သံကို ကြားလိုက်ရတယ်။ အော်ဟစ်သံဟာ ကျယ်လောင်စူးရှပြီး ကြာရှည်တာမို့ ကြားရသူကို ကြက်သီးမွှေးညှင်းတွေ ထောင်ထသွားစေတယ်။
အော်သံ ထွက်လာပြီးနောက် လုံးဝ မရပ်တော့ဘူး။ တချက်၊ နှစ်ချက်လောက်က မကြာမကြာ ထွက်လာနေတယ်။
အခန်းကျဉ်းထဲမှာ အနက်ရောင်အဝတ်အစားဝတ် လူတချို့ မတ်တပ်ရပ်လျက် ရှိနေပြီး အပေါ်ဝတ်မရှိတဲ့ ဗလတောင့်တောင့် လူနှစ်ယောက် ရှိနေတယ်။ သူတို့လက်ထဲမှာ ကြာပွတ်တွေ၊ မီးပူသံပြားတွေနဲ့ တခြားအရာတွေ ရှိနေပြီး တခြား နှိပ်စက်တဲ့ပစ္စည်းပေါင်းစုံဟာ ဘေးက စင်ပေါ်မှာ အတန်းလိုက် ရှိနေတယ်။ ပြောရမယ်ဆိုရင် အခန်းထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ အေးစက်စက်အလင်းရောင်ပဲ ရှိတယ်။
အကျဉ်းခန်းတခုလုံးဟာ မွန်းကျပ်နေပြီး သွေးညှီနံ့ ခပ်ပြင်းပြင်း ရှိနေတယ်။ အနက်ရောင် ဝတ်ထားတဲ့လူဖြစ်ဖြစ်၊ ကြာပွတ်ကိုင်ထားတဲ့ ဗလတောင့်တောင့် လူဖြစ်ဖြစ် အကုန်လုံးဟာ တိတ်ဆိတ်နေပြီး သူတို့အလယ်မှာ မျက်လုံးတွေကို မှိတ်ထားရင်း ထိုင်နေတဲ့လူရဲ့ ညွှန်ကြားလာမယ့်အမိန့်ကို စောင့်နေတယ်။
YOU ARE READING
The Beauty From The South「တောင်ပိုင်းက အလှလေး」||Completed||