မျက်စိတမှိတ်အတွင်း ညနေခင်းရောက်သွားတယ်။
ညစာစားပွဲ မကျင်းပမီ ရှောင်းကျန့်ဟာ ပုံမှန်ပဲ ပြုမူနေထိုင်တယ်။ ယဉ်ကျေးသမှုအရ လာနှုတ်ဆက်တဲ့ လူတချို့ရှိတာမို့ ဟိုလူ့ကို ပြုံးပြလိုက်၊ ဒီလူ့ကို ပြုံးပြလိုက် လုပ်နေရတယ်။ ဒါပေမဲ့ စောစောတုန်းကထက်တောင် သူ ပိုပြီးအေးဆေးနေသေးတယ်။ ပြောရမယ်ဆိုရင် သူဟာ ဝမ်ရိပေါ်ရှိတဲ့ဘက်ကို တမင်ကို မကြည့်မိအောင် ရှောင်နေတယ်။
ဒါ သူ့ကို အပြစ်တင်လို့ မရဘူး။ အစကတည်းက သူဟာ အဲ့ဒီလူကို နှစ်ခါပြန်ကြည့်ရတာမျိုး စိတ်ဝင်စားတဲ့လူ မဟုတ်ဘူး။ ဒါတွေအားလုံးဟာ သူ့အရှေ့ကို ပေါ်ပေါ်လာတတ်တဲ့ ဝမ်ရိပေါ်ကြောင့်ပါပဲ။ သူ့ကြောင့်နဲ့ သူ့မှာ ဒီလိုအကျင့်တွေ ဖြစ်ကုန်ရတယ်။ ဒီလူ သူနဲ့ ၅ မီတာ ဝန်းကျင်မှာ ရှိနေတဲ့အခါ တချက်တချက် သူ့မှာ မသိမသာ ခိုးကြည့်မိတယ်။
ဝမ်ရိပေါ်ရဲ့ပုံစံကလည်း သိပ်ပြီးတော့ မူမမှန်ဘူး။ အရင်တုန်းက ခွပ်ဒေါင်းတကောင်လို ရဲတင်းပြီး ရှောင်းဥက္ကဌကြီးရှေ့မှာတောင် သူ့ကို စူးစိုက်ကြည့်ရဲတဲ့လူဟာ နေ့လယ်ကနေ ညနေထိ သူ့ကို တချက်မှ ကြည့်မလာဘူး။ ရှောင်းကျန့်ဟာ စီနျန်းနဲ့ စကားအနည်းငယ် ပြောတာမျိုးတောင် လုပ်လိုက်သေးတယ်။ ဝမ်ရိပေါ်ဟာ ဘယ်လိုပဲ ပြုံးနေနေ၊ သူ့အပြုံးက ဟန်ဆောင်အပြုံးမှန်း သိသာနေတာမို့ သူ့စိတ်ထဲ မသိမသာလေး သက်တောင့်သက်သာ မရှိဖြစ်နေတယ်။
သူ ဒီလူရဲ့အပြုံးကို မြင်ဖူးတယ်။ အဲ့တော့ သူ သေချာပြောနိုင်တယ်။ အခုချိန်မှာ ဝမ်ရိပေါ်ရဲ့အပြုံးဟာ လက်ရှိ သူ့ရဲ့သိက္ခာကို ထိန်းဖို့ ယဉ်ကျေးသမှုအရ ပြုံးထားတဲ့ အပေါ်ယံအပြုံးသက်သက်ပဲ။ သူ့မျက်ဝန်းတွေထဲမှာ နွေးထွေးမှု လုံးဝမရှိဘူး။
ရှောင်းသခင်လေးဟာ သူ့ဟာသူ တယောက်တည်း ကြိတ်ပြီး ကိုယ့်ကိုကိုယ် ဝေဖန်နေမိတယ်။ သူ့စိတ်ထဲ ဒီနေ့နေ့လယ်တုန်းက ပြောခဲ့မိတဲ့အမှန်တရားနဲ့ပတ်သက်လို့ သူဟာ အရမ်းရက်စက်ပြီး ညှာတာမှု ကင်းမဲ့လွန်းခဲ့သလိုပဲ။
ဒါပေမဲ့ သူ ပြန်တွေးကြည့်တယ်။ ဝမ်ရိပေါ်နဲ့ ပတ်သက်ပြီး ဘာလို့များ ဆံပင်ကျွတ်ခံနေရမှာလဲ? သူ့စိတ်ထဲ မာနထိခိုက်သွားသလိုပဲ။
YOU ARE READING
The Beauty From The South「တောင်ပိုင်းက အလှလေး」||Completed||