11 - အံ့ဩစရာ ညလေးတည

2.4K 268 20
                                    

Army Club မှာ လုပ်ရမယ့် mission အတွက် နောက်ဆုံးအစီအစဉ် ချပြီးသွားပြီဖြစ်တယ်။

ဝမ်ရိပေါ်ဟာ လက်ဒဏ်ရာ တဖြည်းဖြည်း ပျောက်လာသလို နေ့တိုင်းလည်း ရှောင်းကျန့်ကို အနှောင့်အယှက်ပေးနေတယ်။ သူ့ကို ဂရုစိုက်ပေးမယ့်သူ မရှိလို့ဆိုပြီး သူ့ဆီလာ အဖော်ပြုခိုင်းတယ်။ ရှောင်းကျန့်မှာ သံသယတောင် ဝင်လာတယ်။ အိမ်အကူအဖွားကြီးကို ဝမ်ရိပေါ်က တမင်တကာများ ပြန်မလာခိုင်းတာများလား။ သူ့ကို အသုံးချဖို့ အခွင့်အရေးရအောင်လို့လေ။

ရှောင်းသခင်လေး ချက်တတ်တဲ့အစားအသောက်က အရမ်းနည်းပြီး ဝမ်ရိပေါ်ရဲ့ တောင်းဆိုမှုတွေက ပိုပိုများလာတယ်။ တနေ့ပြီးတနေ့၊ ပြီးတော့ နောက်တနေ့။ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို ဒယ်အိုးထဲ ထည့်ကြော်ပစ်ချင်စိတ် ပေါက်လာတယ်။ သူ လက်ထဲက မီးဖိုချောင်ဓါးကို မြှောက်လိုက်ပြီး,

"ငါ မင်းဟာကို ဖြတ်ထည့်လိုက်ရမလား?"

"အဲ့လိုမလုပ်နဲ့လေ"

ဝမ်ရိပေါ်က သူ့ကို မျက်လုံးတဖက် မှိတ်ပြတယ်။

"ကျနော် ရှက်သွားမှာပေါ့"

ရှောင်းကျန့်ဟာ စဉ့်တီတုံးပေါ် သခွားသီးတင်ရင်း တဒုန်းဒုန်း ခုတ်ပြတဲ့အခါ ဝမ်ရိပေါ်က အူတက်မတတ် ရယ်တော့တယ်။

*

သမားတော်ကြီးက နေ့တိုင်းလာပြီး ဆေးလဲပေးတယ်။ ဝမ်ရိပေါ်ကို အားထည့်ရတာမျိုး ကြီးကြီးမားမားတွေ မလုပ်ဖို့ သတိပေးတယ်။ ဒါပေမဲ့ သူ ဝမ်ရိပေါ်ရဲ့အိမ်ကို လာတိုင်း ရှောင်းကျန့်နဲ့ မကြာခဏ တိုးပြီး ပရောပရည်လုပ်နေတာကို မြင်တဲ့အခါ သူ့မျက်နှာအမူအရာက အနည်းငယ် ရှုပ်ထွေးသွားခဲ့တယ်။

တနေ့ ရှောင်းကျန့် သန့်ရှင်းရေးလုပ်ပြီး အမှိုက်တွေ သိမ်းပေးနေချိန် သူ ဘယ်လိုမှ မနေနိုင်တော့တာမို့ ဆေးလိပ်ဖင်စီခံတွေ ပြည့်နေတဲ့ ပြာခွက်ကို လက်ညိုးထိုးရင်း ဝမ်ရိပေါ်ကို ပြောလိုက်တယ်။

"မင်း ဆေးလိပ်လျှော့သောက်လို့ မရဘူးလား?"

ဝမ်ရိပေါ်က သူ့အမှားကို ဝန်ခံတယ်။

The Beauty From The South「တောင်ပိုင်းက အလှလေး」||Completed||Where stories live. Discover now