ရှောင်းကျန့်ဟာ အိပ်ရာထဲမှာ ၂ ပတ်လောက် နေခဲ့ရပြီး သူ အိမ်အပြင်ကို ခြေတလှမ်းတောင် မထွက်ခဲ့ဘူး။ အခု သူ နည်းနည်းဝိတ်တက်လာတယ်။ သူ့မှာ နေ့တိုင်းနေ့တိုင်း ကိုင်တွယ်နေရတဲ့ကိစ္စက နှစ်ခုပဲရှိတယ်။
တခုက ဒဏ်ရာပေါ်မှာ တက်လာတဲ့ အသားသစ်တွေကြောင့် ယားယံတာနဲ့ နောက်တခုက အဲ့ဒီ ဝမ်ရိပေါ်ဆိုတဲ့လူနဲ့ တနေ့တနေ့ သတ်နေရတဲ့ကိစ္စ။
အစပိုင်း ၃ ရက်ခြားတခါလာတာကနေ ၂ ရက်ခြားတခါ၊ အဲ့လိုကနေ နေ့တိုင်းနေ့တိုင်း ရောက်လာတယ်။ ဝမ်ရိပေါ်ရဲ့မျက်နှာဟာ တနေ့တခြား ပိုပိုပြောင်လာတယ်။ ရှောင်းကျန့်က သူ့ကို အိမ်ထဲ ဝင်မလာခိုင်းရင် အရှေ့ခြံတံခါးပေါက်ဝမှာ ယောင်လည်လည်လုပ်နေတယ်။ စိတ်ဆိုးပြီး ပြန်သွားတယ်ဆိုတာ လုံးဝမရှိ။ သူ့ရဲ့ မျက်နှာချောချောကိုမှ အားမနာ "မန်နေဂျာရှောင်း၊ ကော၊ ကျန့်ကော၊ ရှောင်းကျန့်--" စသဖြင့် အော်ခေါ်နေတတ်တယ်။
အသံက တဖြည်းဖြည်းနဲ့ ပိုပိုကျယ်လာပြီး သနားစရာကောင်းလာတယ်။ မထင်ရင် သနားစရာကောင်းတဲ့ စွန့်ပစ်ခံ အိမ်ထောင်သည်လေးလို အော်ခေါ်နေတတ်တာမို့ ဖြတ်သွားဖြတ်လာလူတွေဟာ ရပ်ကြည့်ရပ်ကြည့်နဲ့ သူ့ကို အရူးတယောက်လို ကြည့်ကြတယ်။
ဝမ်ရိပေါ်မှာ ထောက်လှမ်းရေးခေါင်းဆောင်ဌာနမှူးတယောက်ရဲ့ အရှိန်အဝါ လုံးဝရှိမနေဘူး။ အော်လို့ မောလာတဲ့အခါ ရေသောက်ပြီး ဆက်အော်တယ်။ သူ့ပုံစံက အိမ်ထဲ မဝင်ခိုင်းမချင်း မပြန်ဘူးလို့ ဆုံးဖြတ်ချက် ချထားပုံရတယ်။
ပြီးရင် သူလာသမျှ အချိန်တိုင်းဟာလည်း ရှောင်းကတော်ကြီးတို့၊ ရှောင်းဥက္ကဌကြီးတို့ မရှိတဲ့အချိန်မျိုးဖြစ်ပြီး အရမ်းကို တိကျတယ်။
ယမမင်းဟာလည်း ဆီလျော်မှုမရှိတဲ့ အရူးတွေကို ကြောက်ရတာပါပဲ။ ရှောင်းကျန့်မှာ ဘာမှကို မတတ်နိုင်ဘူး။ အဲ့တော့ နောက်ဆုံးမှာ ကန်းရှောင်မုံကို အောက်ဆင်းခိုင်းပြီး သူ့ကို အထဲဝင်ခွင့်ပြုလို့ ဝံပုလွေကို အိမ်ထဲ ခေါ်လိုက်ရတယ်။
ဝမ်ရိပေါ်ဟာ ကန်းရှောင်မုံအပေါ် အမြင်မကြည်မှုကို ဖုံးကွယ်ဝှက်မထားဘူး။ အရင်တုန်းကတော့ နိဟောင်ဘာညာ နှုတ်ဆက်တာရှိပေမဲ့ အခုမှာတော့ ဒီအတိုင်း သူမကို လျစ်လျူရှုထားတယ်။ ခြံဝန်းထဲကို ဝင်ခွင့်ရပြီဆိုတာနဲ့ အပေါ်ထပ်ကို တန်းတက်ပြီး လင်မယားနှစ်ယောက်ပိုင်တဲ့ အိပ်ခန်းထဲ ခြေလှမ်းကျဲကြီးတွေနဲ့ ဝင်သွားတယ်။ ကန်းရှောင်မုံရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ တံခါးကို ပိတ်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူ့မျက်လုံးလေးတွေ မှေးကျသွားအောင် ရှောင်းကျန့်ကို ပြုံးပြတယ်။ အိပ်ခန်းထဲကို ဝင်လာရဲတဲ့ သူ့မျက်နှာပြောင်မှုက တနေ့ထက်တနေ့ ပိုပိုကျွမ်းကျင်လာတယ်။
YOU ARE READING
The Beauty From The South「တောင်ပိုင်းက အလှလေး」||Completed||