ရှောင်းကျန့်ရဲ့ဘဝမှာ ဒီ 76 လမ်းထဲက ရုံးရဲ့ မြေအောက်ခန်းထဲ ဝင်ဖူးတာ ဒါ ပထမဆုံး အကြိမ်ပဲ။ ရုံးတံခါးပေါက်ကနေ ဖြတ်ဝင်သွားတုန်းက ဘယ်လိုမှ မနေပေမဲ့ မြေအောက်ခန်းထဲကို ဆင်းသွားရတဲ့အခါ ဘေးပတ်ဝန်းကျင် လေထုက အေးစက်သွားသလို ခံစားလိုက်ရတယ်။ မီးသီးတွေ ထွန်းထားပေမဲ့ 76 ရုံးရဲ့မီးသီးတွေဟာ တခြားနေရာတွေထက် ပိုပြီး မှုန်မှိုင်းနေသလိုပဲ။ ပတ်ဝန်းကျင် လေထုထဲ ဝေ့ဝဲနေတဲ့ သွေးညှီနံ့တွေကို ထည့်မပြောရင်တောင်မှပေါ့။
စိတ်ထဲကနေ သက်ပြင်းကြိတ်ချလိုက်တယ်။ ဒီနေရာဟာ တကယ်ကို ရှင်လျက်နဲ့ သေသူများရဲ့ ငရဲခန်းပဲ။ ငှက်တွေတောင် ချေးမပါချင်တဲ့ နေရာပေါ့။
အစကနေ အဆုံးထိ၊ ဝမ်ရိပေါ်ရဲ့ လက်ထဲက သေနတ်ဟာ ရှောင်းကျန့်ရဲ့ ကျောမှာ တချိန်လုံး ဖိကပ်ထားခဲ့တယ်။ ဘယ်တုန်းကမှ မချခဲ့ဘူး။ အချုပ်ခန်းထဲထိ သူကိုယ်တိုင် လိုက်ပို့ချင်သလိုမျိုး။ တကယ်တမ်းမှာလည်း အဲ့လိုလုပ်ခဲ့တယ်။
ရှောင်းကျန့်ရဲ့ မျက်နှာပေါ်မှာ ၁၂၀ ရာခိုင်နှုန်းသော အေးဆေးမှုတွေ ရှိနေတယ်။ သူ့ပုံစံက ဒီနေရာကို အလည်လာသလိုပဲ။ စိတ်ဝင်စားတဲ့ မျက်လုံးတွေနဲ့ ဟိုဟိုဒီဒီ လိုက်ကြည့်နေမိတယ်။ ပထမထပ်က ကော်ရစ်ဒါတံခါးကို ဖြတ်လာတုန်းကဆိုရင် ဘယ်အခန်းက ဝမ်ရိပေါ်ရဲ့ ရုံးခန်းဖြစ်မလဲဆိုတာကိုတောင် အချိန်ယူပြီး တွေးနေလိုက်သေးတယ်။
သွေးညှီနံ့တွေ နံနေတဲ့ အချုပ်ခန်းထဲ ရောက်ပြီးလို့ သိပ်မကြာခင်မှာဘဲ စီနျန်း ရောက်လာတယ်။ သူ မျက်လုံးကို မှိတ်လို့ မှေးနေတာကို မြင်တဲ့အခါ ခပ်ရွဲ့ရွဲ့ နှာတချက်မှုတ်လို့ ပြောတယ်။
"ရှောင်းသခင်လေးက အေးဆေးနေပုံပဲ။ ငါ အမြင်တွေ မှားသွားပြီပေါ့"
ချမ်းသာတဲ့အိမ်တွေက သခင်လေးတွေကို သူတို့ မဖမ်းဖူးတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သာမန်လူတွေအနေနဲ့ အခုလို နှိပ်စက်ရေးပစ္စည်းမျိုးစုံကို မြင်ပြီးနောက်မှာ ဘာကြောက်လန့်မှုမှ မရှိတဲ့ အမူအရာပြဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ ရှောင်းကျန့်လို အေးအေးဆေးဆေး ဘာမှမဖြစ်သလို နေပြတဲ့လူဆို ပိုတောင် မမြင်ဖူးဘူးပေါ့။ သူ့ပုံစံက ဒီနေရာမှာ လာအိပ်ရုံပဲလို့ ထင်နေခဲ့ပုံရတယ်။
YOU ARE READING
The Beauty From The South「တောင်ပိုင်းက အလှလေး」||Completed||