ဆင်းရဲသားရပ်ကွက်ထဲက လမ်းတွေဟာ အမြဲတမ်း ဆိုးရွားနေတာချည်းဖြစ်တယ်။
အိမ်တွေဟာ တခုနဲ့တခု ပူးကပ်နေကြပြီး စောင်းရွဲ့နေတယ်။ အပေါ်ဆုံးက နံရံတွေဟာ အစီအစဉ်တကျ မရှိတော့ဘူး။ အမိုးအောက်က နံရံတွေမှာ မှိုကွက်တွေတက်ပြီး ကွာကျနေတယ်။ အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေဆိုတာ ခြေထောက်နဲ့ တချက်ကန်ရုံဖြင့် ပြိုလဲပွင့်ကျသွားမလားထင်ရတယ်။ ဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့လူတွေဟာ ပုံမှန်အားဖြင့် နေ့ဘက်ပိုင်းမှာ အလုပ်သွားကြပြီး အသက်ကြီးတဲ့သူတွေနဲ့ အားနည်းတဲ့အမျိုးသမီးတွေကို အိမ်မှာ ကလေးတွေ ကြည့်ဖို့ ထားခဲ့ကြတယ်။ အိမ်တိုင်းရဲ့တံခါးတွေဟာ တင်းတင်းစေ့ပိတ်နေတယ်။
မညီညာတဲ့လမ်းတွေပေါ်မှာ ဗွက်ပေါပြီး မြောင်းပုပ်နံ့တွေ နံနေတယ်။ နေပူပူအောက်မှာ ပိုပြီးတော့တောင် အနံ့တွေ ဆိုးနေသေးတယ်။ ဒီနေရာမှာ နေတဲ့လူတွေကလွဲရင် တခြားဘယ်သူမှ ဒီမှုန်မှိုင်းမှိုင်းနယ်မြေကို ခြေမချချင်ကြဘူး။
ကန်းရှောင်မုံဟာ ဒီလမ်းကြားလေးပေါ်မှာ လမ်းလျှောက်နေတယ်။
သူမဟာ လန်ချားနဲ့ လာခဲ့တာဖြစ်တယ်။ လန်ချားဆွဲသူက အံ့ဩနေတယ်။ သူမလို ချမ်းသာပြီး လှပတဲ့မိန်းကလေးက ဘာလို့များ ဒီလိုနေရာကို လာရတာလဲ။ ကန်းရှောင်မုံဟာ သူမက ဒီမှာ လူလာရှာတာပါလို့ ပြန်ပြောလိုက်တယ်။ ဒီနေရာမှာ နေတဲ့အဖွားအိုတယောက်ဟာ သူမကို ကူညီပေးခဲ့ဖူးတယ်။ အဲ့တော့ သူမဟာ ဒီနေရာကို မကြာခဏ လာလည်လေ့ရှိပြီး ငွေကြေးထောက်ပံ့ပေးတာတွေနဲ့ တခြားအကူအညီတွေ ပေးလေ့ရှိတယ်။ လန်ချားဆွဲသူဟာ ဒီအကြောင်းကိုကြားတော့ အတော်ကို လေးစားသွားတယ်။ အဲ့ဒီနောက် သူမပေးတဲ့ အဖိုးအခနှစ်ဆငွေကို ယူပြီးနောက် ကြင်နာတတ်တဲ့ အမျိုးသမီးအဖြစ် ချီးကျူးပြီးတာနဲ့ နောက်ခရီးသည်ရှာဖို့ ထွက်သွားတော့တယ်။
ကန်းရှောင်မုံဟာ လန်ချားပေါ်က ဆင်းပြီးတာနဲ့ လမ်းကြားထဲကို ဝင်သွားတယ်။
သူမရဲ့ခြေလှမ်းတွေက တဖြည်းဖြည်း ပိုပိုပေါ့ပါးလာတယ်။ ရှောင်းစံအိမ်တော်ကြီးက လူတွေနဲ့ တခြားလူတွေရှေ့မှာ ပြလေ့ရှိတဲ့ ရှက်ကြောက်တဲ့ပုံစံနဲ့ လုံးဝတခြားစီပဲ။ ဒေါက်ဖိနပ်ရဲ့ ဒေါက်က ခြေပတ်ကြိုးဟာ ခြေကျင်းဝတ်ပေါ်မှာ ပတ်ထားလျက်ရှိနေပြီး အုတ်ခင်းလမ်းပေါ်မှာ ဒေါက်ဖိနပ်သံ တော်ရုံမထွက်ဘူး။ သူမဟာ ရှုပ်ထွေးတဲ့လမ်းကြားတွေထဲ ဝင်ရောက်သွားနေပေမဲ့ လမ်းပျောက်သွားခြင်း လုံးဝမရှိဘူး။ ဒီနေရာကို မကြာခဏ ရောက်ဖြစ်သလိုပဲ။ သစ်သားတံခါးတခုရှေ့ ရောက်တဲ့အခါ သူမဟာ သူမရဲ့ လက်ကိုင်အိတ်ထဲက သော့ကို ထုတ်ယူလို့ သံချေးတက်နေတဲ့ သော့ပေါက်ထဲ ထည့်ပြီး နှစ်ချက်လှည့်ဖွင့်လိုက်တယ်။
YOU ARE READING
The Beauty From The South「တောင်ပိုင်းက အလှလေး」||Completed||