Final - ခရီးရှည်

4K 335 52
                                    

ဝမ်ရိပေါ်က ပေါ်တင်ဝန်ခံတယ်။

"ဟုတ်တယ်။ ခင်ဗျားကို သတ်ချင်လို့"

သူ သတင်းတွေ ပို့လိုက်ပြီးကတည်းက ဒီလိုအခြေအနေမျိုးဖြစ်အောင် ဖန်တီးခဲ့တာဖြစ်တယ်။ စီနျန်းဟာလည်း အဲ့နေ့မှာ သတင်းအချက်အလက်တွေကို ကြည့်ခဲ့ရတယ်။ စီနျန်းက ပထမဆုံးအကြိမ် သံသယကို ဖျောက်ဖျက်ပစ်လိုက်နိုင်ကတည်းက သူဟာ စီနျန်းအိမ်မှာ အလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်သမားကို အသုံးချပြီး သူ့အိမ်မှာ ရေဒီယိုလိုင်းတွေ ဖွင့်ခိုင်းခဲ့တယ်။ အချိန်ကိုက်ပဲဲ။ ကာဆာအိုကာမူရာက သံသယတွေ ဘယ်လိုမှ ဖျောက်မရခင်မှာဘဲ စီနျန်းဟာ ကိုယ့်သေတွင်းကို ကိုယ်တူးမိခဲ့တယ်။ သူ အပြင်မှာ စီနျန်းကို တည့်တိုး မကိုင်တွယ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ စီနျန်းက ယုံကျောင်းကို ရောက်လာခဲ့တာနဲ့ ပြန်ထွက်လို့ မရအောင် သူ လုပ်နိုင်ခဲ့တယ်။

အကျဉ်းကျပြီးနောက်ပိုင်း ကိုယ့်လူတွေနဲ့ ဘယ်လိုအချိတ်အဆက်လုပ်လဲဆိုတာကတော့ သူ့အလုပ် မဟုတ်တော့ဘူး။

အပြစ်တင်ရမယ်ဆိုရင် ကိုယ်တိုင်ကိုပဲ အပြစ်တင်ရမယ်။ သေချာနားလည် သဘောပေါက်နိုင်တဲ့လူသာဆိုရင် ဒါတွေကို သူဟာ ညတွင်းချင်း စီစဉ်ခဲ့တာဖြစ်ကြောင်း သိနိုင်တယ်။ အခုချိန်မှာ စီနျန်းက သဘောပေါက်သွားခဲ့ရင်တောင် အရမ်းနောက်ကျသွားပြီဖြစ်တယ်။

အစတုန်းကတော့ သူဟာ မစ္စလီကို အစကနေ အဆုံးထိ အသုံးချဖို့ စီစဉ်ထားခဲ့တယ်။ သူမကို အသက်ရှည်ရှည် နေစေချင်ခဲ့ပေမဲ့ သူမဟာ အရမ်းကို အသုံးမကျလွန်းပြီး ကျန်းကျင်းရှို့ရဲ့ အစီအစဉ်ထဲကို ကျရောက်သွားခဲ့တယ်။ အဲ့တော့ သူ့မှာ ဘာမှမတတ်နိုင်စွာ သူမကို စွန့်လွှတ်ခဲ့တယ်။

ဝေ့ကွမ်းလုံနဲ့ မစ္စလီကို ဥပမာထားပြီးနောက်မှာ သူ အလောတကြီး မလုပ်ရဲတော့ဘူး။ စားပွဲတင်ဓါးကို ခိုးယူပြီးနောက် ချောက်ချဖို့ အခွင့်အရေးကို ရှာနေခဲ့တယ်။ ဒါပေမဲ့ အဲ့အချိန်မှာ မီးပျက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာတဲ့လဲ။ အဲ့တော့ သူ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အိုကာမူရာကို အမှောင်ထဲမှာ ဓါးနဲ့ လုပ်ကြံခဲ့တယ်။ ဓါးနဲ့ ထိုးတာ မဟုတ်ဘဲ ပစ်လိုက်တာဖြစ်တယ်။ ဓါးတိုပစ်လေ့ကျင့်ခန်းကို အကြာကြီး လေ့ကျင့်ပြီးတဲ့နောက်မှာ အကျိုးရှိသွားတယ်။ သူ့မှာ ဒီစကေးရှိမှန်း ဘယ်သူမှ မသိခဲ့ဘူး။ ကြည့်ရတာ မိုးနတ်မင်းကိုက သူ့ကို ကူညီခဲ့ပုံပါပဲ။

The Beauty From The South「တောင်ပိုင်းက အလှလေး」||Completed||Where stories live. Discover now