ကာဆာအိုကာမူရာနဲ့ လောင်တိုင်းတို့ တယောက်နဲ့တယောက် ကြည့်လိုက်ကြတယ်။ သူတို့နှစ်ယောက်လုံးရဲ့ မျက်လုံးတွေထဲမှာ အံ့ဩသွားမှုတွေကို မြင်လိုက်ရတယ်။
သေတာကြာလို့ အရိုးတွေတောင် ပြာမှုန့်ဖြစ်နေခဲ့တဲ့လူဟာ ရုတ်တရက်ကြီး ပြန်ပေါ်လာတဲ့အခါ ဘယ်သူက မအံ့ဩဘဲ နေမှာတဲ့လဲ။
တော်သေးတာက ကာဆာအိုကာမူရာမှာ အတွေ့အကြုံ အပြည့်ရှိတယ်။ ဆိုတော့ သူက ချက်ချင်း စိတ်ကို ပြန်တည်ငြိမ်အောင် လုပ်လိုက်နိုင်တယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ သူဟာ သရဲလိုလူတွေ၊ သရဲတွေ အကုန်လုံးကို တွေ့ခဲ့ဖူးခဲ့တယ်။ လောင်ကွေး ပြန်ပေါ်လာတယ်ဆိုတော့ ဒါဟာ သေရာက ပြန်ရှင်လာတာတော့ မဖြစ်နိုင်ဘူး။ အခြေအနေ နှစ်မျိုးရှိတယ်။ ဒီလောင်ကွေးဆိုတဲ့လူဟာ လူတွေကို အာရုံရှုပ်အောင်လို့ လုပ်ချင်တာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အလုပ်ရှုပ်အောင် လုပ်ချင်လို့ပဲ။
ဘယ်လိုအကြောင်းကြောင့် ဖြစ်နေပါစေ၊ ဒီကိစ္စကို ပြန်ဖော်ပြီဆိုမှတော့ သူ့လက်က မလွတ်စေရဘူး။
သေချာဆန်းစစ်ပြီးတဲ့အခါ ကာဆာအိုကာမူရာဟာ အစီအစဉ်တခုဆွဲတယ်။ မာတင်းနေတဲ့ မျက်နှာနဲ့အတူ သူ စုံစမ်းထောက်လှမ်းရေးဌာနက သူ့ရဲ့ လက်အောက်ငယ်သားကို ဖုန်းခေါ်ပြီး ကိစ္စတချို့ ညွှန်ကြားတယ်။ သူ ထွက်ခွာလာတဲ့အခါ နောက်ထပ် လူတယောက်အကြောင်းက သူ့ခေါင်းထဲ ဝင်လာခဲ့တယ်။
*
စီနျန်းဟာ ယုံကျောင်းရှိရာ ဖမ်းခေါ်ခံလာရတဲ့အထိ အခြေအနေကို သူ ဘာမှ နားမလည်နိုင်သေးဘူး။
သူ့ကို 76 ရုံးကနေ တိုက်ရိုက် ဖမ်းခေါ်လာခဲ့တာဖြစ်တယ်။ ဝမ်ရိပေါ် အဖမ်းခံခဲ့ရပြီးကတည်းက သူ ဘာမှ လုပ်မပေးခဲ့ဘူး။ သူ လွတ်မြောက်အောင် လုပ်နိုင်ခဲ့ပေမဲ့ သူ့မှာ စိတ်မအေးနိုင်ဘူး။ တခုခုဖြစ်တော့မယ်လို့ အမြဲတမ်း ခံစားနေခဲ့ရတယ်။
အစောင့်က သူ့ကို အနောက်ဘက်အဆောင်ရှိရာ ဖမ်းခေါ်လာခဲ့တယ်။ လောင်တိုင်းကို တွေ့တဲ့အခါ လောင်တိုင်းက သူ့ကို ပျူငှာစွာနဲ့ နှိပ်စက်ခန်းထဲကို ခေါ်သွားခဲ့ပြီး အသားအရည်တွေ ခွာချခံထားရတဲ့ မကောင်းဆိုးဝါးသဏ္ဍာန် အလောင်းတခုကို ပြရင်း သူ့ကို ပြောတယ်။
YOU ARE READING
The Beauty From The South「တောင်ပိုင်းက အလှလေး」||Completed||