"မောင် မတို့လမ်းခွဲရအောင် "
"ဗျာ..."
အနီီရောင်ဒူးအထက်နားရှိဂါဝန်လေးအားဝတ်ဆင်ထားသည့် မ ဖြူဝင်းသည့် အသားရည်ဖြင့် လိုက်ဖက်စွာတမူထူးလှနေပြန်သည့် ကျနော့်ရဲ့အသဲသက်လေး သို့သော် မရဲ့နီဆွေးဆွေးနူပ်ခမ်းပါးမှ စကားလုံးတလုံးချင်းဆီအား ပြတ်သားစွာသူကြားနေရသည် သူ့မျက်နှာအားမျက်တောင်ပင်မခတ်တုန်လှုပ်ခြင်းအလျင်းမဲ့စွာ ဖြင့်သူမဆိုလိုက်သည့် စကားဟာ လမ်းခွဲရအောင်တဲ့
"ဘာလို့လဲ မ အကြောင်းရင်းက"
"မ လက်ထပ်တော့မယ် အဲ့ကြောင့်မောင်လမ်းခွဲရအောင် "
"ဘာ .."
လက်ထပ်တော့ မည်မို့လမ်းခွဲရအောင်တဲ့ ငါးနှစ်တာ သူတို့ရဲ့ဆက်ဆံရေးကဘာလဲဘောင်မဝင်တော့တာများလား သူ့အားအမြဲချွဲနွဲ့တတ်သည့် မက ခုတော့လဲခတ်ထန်လို့ပါလား သူ့ချစ်သည့် မရောဟုတ်ပါရဲ့လား ~~
" ဟားး မ ရာစစရာရှားလို့ မောင့်ကိုဒီနည်းနဲ့စတာပေါ့ဟုတ်လား"
မ ရဲ့သွယ်ဆင်းနေသည့်နှာတံလေးအား လက်ဖြင့်အသဲယားစွာဖြစ်မည် အပြု သူ့လက်အား တိမ်းရှောင်သွားသည့်မကြောင့် သူအံသြနေမိသည် မက သူအဲ့လိုအပြုမူလုပ်ရင် မျက်လုံးဝိုင်းလေးများဖြင့်မောင်နော်ဟု ပြန်ပြောတတ်သည် ခု ခုတော့ သူ့လက်အား တိမ်းရှောင်သည်တဲ့လား
"ငါ စနေတာမဟုတ်ဘူး ထယ်ယောင်း "
ငါ ငါ တဲ့မက သူ့ကိုသူနမ်စားသုံးလိုက်သည်က ငါတဲ့ အချိန်ခနလေးအတွင်းဖြစ်ပျက်နေသည့်အဖြစ်ပျက်တို့ကြောင့် သူကြောင်အနေမိပြန်သည် အရူးတယောက်လိုမသိချင်ယောင်ဆောင်ရင်း
"မ ဗျာ သိပ်အစသန်တာပဲ "
မရဲ့လက်သွယ်သွယ်လေးများအားသူဖမ်းဆုပ်လိုက်သည် သို့သော် ခါထုပ်ချင်းခံခဲ့ရသောသူရဲ့လက်များဟာ လေဟာနယ်ထဲမှာပင်ရပ်တန့်လျက်
"အရူးလို လုပ်မနေနဲ့ကင်မ်ထယ်ယောင်း နင့်နဲ့ငါ ဒီမှာတင်အဆုံးသတ်ပြီ "
ထို့သို့ပြောကာ လှည့်ထွက်သွားသည့် သူမခြေလှမ်းများ
"ဘာလို့လဲမ မောင်မကိုဂရုမစိုက်ခဲ့လို့လား သူများတွေလို အလိုလိုက်မချစ်ပေးခဲ့လို့လား ဟမ်ပြီးတော့ မောင်တို့ဆက်ဆံရေးကဒီလိုလွယ်လွယ်နဲ့ဖြတ်တောက်နိုင်လောက်သည်ထိမအတွက်လွယ်ကူနေခဲ့တာလား ဖြေပေးပါ "
YOU ARE READING
Hold on [Short Story]
Fanfictionအမြဲဆုပ်ကိုင်ခွင့်ရှိမယ် ထင်ခဲ့တယ်မင်းရဲ့လက်လေးကို ကိုမတွေးခဲ့မိဘူး မင်းကိုစွန့်လွှတ်ရမယ်လို့ ကိုရူးခဲ့ပါတယ် မင်းဟာ ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေး ကို့ဘေးကဘယ်တော့မှထွက်မသွားမဲ့ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ ~~~~