ထယ်ယောင်းနိုးလာတော့ သူ့အိပ်ရာကုတင်စွန်းလေးမှာ အိပ်ပျော်နေသော ဂျောင်ကုအားတွေ့လိုက်ရသည် စောင်းအိပ်နေသည့်မို့နှုပ်ခမ်းလေးမှာရှေ့သို့အနည်းငယ်ဆူထွက်နေသည် ထယ်ယောင်း ထိုနှုပ်ခမ်းပါးလေးအား လက်ဖြင့်တို့ထိကြည့်မိသည် သူ့အထိအတွေ့ကြောင့်လားမသိ အရေးဆပ်သည့်ကောင်လေးမှာ မျက်လုံးနှစ်ဖက်အားလက်ဖြင့်ပွတ်ကာ ..
"ဟင် ကိုကိုနိုးပြီလား .."
ထယ်ယောင်းကတော့သူခိုးလူမိသွားသည့်နယ် အရှက်ပြေတခြားဘက်သို့လှည့်သွားသည်
"အင်း မင်းဘယ်လိုလုပ်ငါ့အခန်းထဲရောက်နေတာလဲ."
"ညကကိုကို မူးလာလို့ကျနော်တွဲပို့ပေးရင်း .."
"ငါ့အခန်းထဲမှာအိပ်ပျော်သွားတယ်ဆိုပါတော့ ဟုတ်လား ..
"သူပြောမည့်စကားအားကိုကိုက ဆက်ကာပြောသည်မို့ ဂျောင်ကုဘာမှပြန်မပြောမိ သူညက ကိုကို့မျက်နှာလေးအားကြည့်ရင်း အမှု့မဲ့စွာ အိပ်ပျော်သွားခြင်းဖြစ်သည်
"ဟုတ်.."
"ကောင်းပြီ ခုကို့အခန်းထဲထွက်သွားတော့ .."
"အာ ဟုတ် ကိုကို~~"
ဂျောင်ကု ကပျာကရာထလိုက်တော့ညက ကုတင်ဘေးမှာမှီရင်းအိပ်ပျော်သွားသည်မို့ ခါးမှာအနည်းငယ်နာနေသည်ကြောင့် ခွေယိုင်သွားသည် ကြမ်းပြင်နှင့်ထိတွေ့တော့မည်အထင်ဖြင့်သူ့မျက်လုံးစုံအားပိတ်ထားမိသည်
သို့သော်သူရောက်ရှိသွားသည်မှာ နွေးထွေးသည့်ရင်ခွင်တစုံထဲဖြစ်သည် တခြားသူမဟုတ်ကိုကိုပင် ကိုကိုက သူအားပွေ့ထိန်းပေးထားသည် သူမျက်လုံးတို့အားဖွင့်ကာကြည့်မိတော့ ဆွဲဆောင်လွန်းသည့်ကိုကိုမျက်ဝန်းတို့ဖြင့် ဆုံသည်အစောကကိုကိုပြောလိုက်သည့်စကားကြောင့်ဝမ်းနည်းမိသည့်စိတ်လေးတောင် အဘယ်သို့လွင့်ပျံသွားမှန်းမသိ သူရင်ထဲမှာကြည်နူးမှု့တံလျှပ်လေးဖြတ်ပြေးသွားသည်
"အဟမ်း~~"
ကိုကိုနှင့်ဂျောင်ကု အကြည့်ဆုံမိနေတာဘယ်လောက်ကြာသွားသည်မသိ ကိုကိုရဲ့ အသံကြားမှသူအသိပြန်ဝင်လာသည်
YOU ARE READING
Hold on [Short Story]
Fanfictionအမြဲဆုပ်ကိုင်ခွင့်ရှိမယ် ထင်ခဲ့တယ်မင်းရဲ့လက်လေးကို ကိုမတွေးခဲ့မိဘူး မင်းကိုစွန့်လွှတ်ရမယ်လို့ ကိုရူးခဲ့ပါတယ် မင်းဟာ ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေး ကို့ဘေးကဘယ်တော့မှထွက်မသွားမဲ့ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ ~~~~