Hold On

241 32 10
                                    

ခြောက်ကပ်တိတ်ဆိပ်နေသည့်အိမ်ဝန်းထဲဝယ် ကောင်လေးနှယောက်၏ ဆက်ဆံရေးမှာလဲအေးစက်နေပြန်သေးသည်

ဂျောင်ကု နဲ့ကိုကို လက်ထပ်ပြီးတပတ်ပင်ရှိပြီ အရင်ပထမဆုံးရက်ကသာ သူတိူ့နှစ်ယောက် စကားပြောဖြစ်ခဲ့ပြီး ခုတော့ ကိုကိုကလဲ ဘာမှမဆိုသလို သူလဲဘာမှမပြောမိပေ ကိုကို အလုပ်ရှုပ်တာလဲပါသည် သူ့နှင့်မတွေ့ရသည်ကများသည်

သူတို့နှယောက်ရဲ့ အိမ်ထောင်ရေးမှာတကယ်ပင်ဆိုးဝါးလှသည် အထီးကျန်မှု့များနှင့်သာပြည့်နှက်နေသည် အချစ်မပါသည့် အိမ်ထောင်ရေးဆိုတာခုလိုမျိုးဖြစ်မည် မဟုတ် အချစ်ပါခဲ့တယ် သူ့တဖက်တည်းကပေါ့

ဒီနေ့ ဂျောင်ကုဒီခြောက်ကပ်နေသည်အိမ်ထဲပျင်းသည်မို့ မေမေတို့ဆီ ခနသွားမည် ကိုကိုကလဲ ညဥ့်နက်မှပြန်လာတတ်သည်မို့ သိပ်တော့ကိစ္စမရှိပေဒါကြောင့် သူ့အဝတ်လဲကာအိမ်အပြင်သို့ထွက်လာခဲ့သည်

____________________

ဂျောင်ကု Taxi ငှားကာ မေမေ့တို့ဆီ သွားတော့ မြင်လိုက်ရသည် မြင်ကွင်းလေးတခု Cafe ဆိုင်ထဲမှာရယ်မောနေသည် သူ သေချာပေါက် ဂျောင်ကုမြတ်နိုးရသည့် ကိုကို ပြုံးရယ်နေသည် သူတခါမှမမြင်ဖူးတဲ့အပြုံးမျိုးဖြင့် ထိုအမျိုးသမီးငယ်လေးကိုပေါ့ စိတ်အစုံရဲ့လှုံ့ဆော်မှု့ကြောင့် Taxi ဦးလေးကြီးအား အမြန်ပင်ရပ်ခိုင်းလိုက်သည်

"ဟို ဦးလေးကြီး ဒီမှာပဲ ရပ်ပေးနော် "

သူထိုသို့ပြောကာ ဦးလေးကြီးအားကျသင့်ငွေပေး၍ကိုကိုရှိရာCafe ဆိုင်နားသို့ ကတိုက်ကရိုက်ပဲ လျှောက်သွားမိသည် မလှမ်းမကမ်းမှကြည့်မိတော့ ကိုကိုက စောနကမြင်ခဲ့သည့် အပြုံးများဖြင့်ပြုံးရယ်နေသေးသည် ဂျောင်ကု စိတ်ထဲနာကျင်နေရပေမဲ့ သူကိုကို့ ကိုယုံသည်ကိုကိုက ခုလိုလူမျိုးမဟုတ်တာ ကြားတိုင်းလဲ မယုံနဲ့ မြင်တိုင်းလဲမယုံနဲ့ဆိုသည့် စကားဆိုးရိုးရှိသည်ကိုကို့ မိတ်ဆွေမို့ ပြုံးနေတာလဲဖြစ်နိုင်မည် ဟုသာ သူစိတ်အေးအေးထားလိုက်သည်

"မင်းက အရူးပဲဂျောင်ကု "

သူခေါင်းလေးသူ လက်သီးသေးသေးလေးဖြင့်ထိုးကာ ဆုံးမလိုက်သည် နှုပ်ခမ်းထက်မှာလဲ အပြုံးလေးတခုဖြင့်

Hold on [Short  Story]Where stories live. Discover now