"ဟင် ကင်ထယ်ယောင်း..."
နိုရာအံသြထိပ်လန့်မှု့များဖြင့် ဆိုလိုက်သည် သူမတို့ဆီကို ခြေလှမ်းကျဲများဖြင့်လှမ်းလာသောထိုသူအား သူမမှတ်မိပါသေးသည် တချိန်က သူမမြတ်နိုးရသည့် မောင် တနည်း သူမကိုယ်တိုင်ထားပြစ်ခဲ့သည့်ကောင်လေးသူမစူးစိုက်ကြည့်နေသည့်ထိုကောင်လေးရဲ့ မျက်ဝန်းတွေဟာနာကျည်းမှု့အပြည့်ဖြင့်ခက်ထန်နေသည် မဟုတ်မှ သူမအပေါ်ထားရှိသောအငြိုးများအားခြေဖျက်လိုခြင်းငှာ သူမမောင်ငယ်လေးအားလက်ထပ်ခဲလေသည်လား သူမအတွေးတို့ဖြင့် ကြောင်အလျက်ထိုသူ့အားကြည့်နေမိသည်
တဆက်တည်းတချိန်က ထိုကောင်လေးပြောခဲ့သည့်စကားများ
"မ မောင့်အပေါ်ခုလိုလုပ်ခဲ့တယ့်အတွက် နောင်တမရပါစေနဲ့ ကျနော်ကအချစ်ကြီးသလိုအငြိုးကြီးတယ် ဆိုမမှတ်ထားပါ"ထိုစကားဟာသူမနားထဲကြားယောင်လာသည်သူမလက်ဖျားတို့ပင် အေးစက်လာသယောင်
"ဟို ကိုကိုနဲ့မမက သိနေကြတာလားဟင်"
တယောက်နဲ့တယောက်ပေါက်ထွက်မတတ်အကြည့်ခြင်းဆုံနေသည့် ကိုကိုနဲ့မမကြောင့် ဂျောင်ကုကြားထဲမှ မနေတတ်စွာပင် မေးမိသည် တစ်ယောက်ရဲ့မျက်ဝန်းတွေဟာနားကြည်းရိပ်များသန်းနေပြီ တယောက်ရဲ့မျက်ဝန်းတို့မှာတော့ ကြောက်ရွံထိပ်လန့်နေသည့်အရိပ်ယောင်များဖြင့် တို့
"သိပ်သိတာပေါ့ မင်းနဲ့မတွေ့ခင်ကတည်းကဆိုပါတော့ ဟုတ်တယ်နော် မ"
ထယ်ယာင်း နိုရာမျက်ဝန်းတို့အားစေ့စေ့ကြည့်ကာပြောလိုက်သည်
မ မတဲ့ ကိုကိုမမအပေါ်သုံးလိုက်သည့်နာမ်စားကမတဲ့ကိုကို မမအပေါ်ကြည့်သည့်အကြည့်တို့မှာလဲအမည်မဖော်နိုင် ခံစားမူ့တို့ပါဝင်နေသည်ကိုဂျောင်ကုရိပ်စားမိပါသည်
ကိုကိုနဲ့ မမတို့ ကြားပတ်သက်မှု့ဟာဘယ်လိုများပါလိမ့် အတွေးနှင့်အတူ သူရင်ထဲအမည်မသိခံစားမှု့တခုဖြင့်စို့နင့်လာသည်
YOU ARE READING
Hold on [Short Story]
Fanfictionအမြဲဆုပ်ကိုင်ခွင့်ရှိမယ် ထင်ခဲ့တယ်မင်းရဲ့လက်လေးကို ကိုမတွေးခဲ့မိဘူး မင်းကိုစွန့်လွှတ်ရမယ်လို့ ကိုရူးခဲ့ပါတယ် မင်းဟာ ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေး ကို့ဘေးကဘယ်တော့မှထွက်မသွားမဲ့ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ ~~~~