Hold On

495 41 8
                                    

"ကိုကို ကျနော်တို့ကွာရှင်းကြရအောင် "

"ဘာ!!"

ကိုကို့ဆီမှခက်ထန်သည့် လေသံအားသူကြားလိုက်သည် အစောကငိုနေသည့်ကိုကို့မျက်ဝန်းတို့မှာ နီရဲနေပြီး ဒေါသအသွင်ဘက်သို့ကူးပြောင်းဟန်  အနည်းငယ်ကြောက်သည်မို့ သူနောက်သို့ထပ်ဆုပ်လိုက်သည်  ကိုကိုကတော့စူးရဲ့သည့်အကြည့်ဖြင့်သူ့ကိုကြည့်နေသည် 
ကိုကို ကိုချစ်ရခြင်းမှာတကယ်ပင်ပန်းနေပြီမို့ ကျနော်လက်လွှတ်ပါရစေ  နာကျင်နေတဲ့စိတ်လေးရေ မင်းလဲခနတောင့်ခံထား အဓိကမင်းထပ်မပျော့ညံ့ဖို့ပါပဲ 

"ဟုတ်တယ် ကိုကိုကျနော်တို့ကွာရှင်းရအောင်  ကိုကို ကျနော့်ကိုမလိုတာလဲဒီလောက်သိသာနေပြီပဲ ဒီလောက်ပဲရပ်တန့်လိုက်ရအောင် "

ကိုကိုအား အတတ်နိုင်ဆုံးသူတည်ငြိမ်စွာပြောလိုက်သည် စိတ်ထဲမှာတော့ အရမ်းကိုပြိုလဲနေခဲ့ပြီ  အရမ်းတန်းဖိုးထားပြီး ချစ်ရတဲ့ကိုကို့အား ခုလိုပြောဖို့ရာသူ့အတွက်အမိုက်မဲဆုံးဖြစ်လိမ့်မည် သို့သော်....မလိုတဲ့လက်တွေကိုမကမ်းတော့ဘူး မစွန့်လွှတ်နိုင်ရင်တောင်အဝေးကပဲငေးကြည့်တော့မည် ဒီလောက်နဲ့ ရေစက်ဖြတ်ကြရအောင်ကိုကို ..

"ဘယ်သူ့ဆန္ဒအရလဲ ဟမ်.."

"..."

"ဟက် မဖြေနိုင်ဘူးလား မင်းအငယ်နှောင်းကောင်ကြောင့်လား အဲ့ကြောင့်လင်ကြီးဖြစ်တဲ့ငါ့ကိုပုတ်ထုပ်ချင်နေတာ "

"ကိုကို့  ခများကျနော်မေးတာကိုသေချာမရှင်းပဲ ဘာလို့စွပ်စွဲနေတာလဲဟမ်ဘာတွေဖြစ်နေတာလဲ ကျနော်နားလည်အောင်လေးပဲပြောပြပါ "

ကိုကိုကသူ့သိက္ခာအားထပ်၍စော်ကားပြန်သည်

"တော်ပြီ ဂျောင်ကုထားလိုက် ငါမင်းကိုကွာရှင်းမပေးနိုင်ဘူး "

ထယ်ယောင်းစိတ်လျှော့လိုက်သည် မဟုတ်လျှင်သူဒေါသကြောင့် နာကျင်နေသည့်ကောင်လေးအားထပ်၍နာကျင်စေလိမ့်မည်

"ဘာလို့လဲဟင်  ကျနော်ကိုစိတ်ပင်ပန်းအောင်လုပ်တာဒီလောက်နဲ့မကျေနပ်နိုင်သေးဘူးလားကိုကို ကျနော်ခများပေါ်ဘာအပြစ်တွေများလုပ်မိလို့လဲ.."

Hold on [Short  Story]Where stories live. Discover now