ဂျောင်ကု ဘုရားကျောင်းအလယ်မမ အားနှုတ်ဆက်ရန်လိုက်ရှာမိသည် ဟောတွေ့ပါပြီ မမကို အပင်ကြီးအောက်မှာရပ်နေသည် မမဆီအားသူလှမ်းလျှောက်သွားလိုက်သည် မမနားသို့မရောက်မီ ကိုကို့အားတွေ့လိုက်ရသည်ကြောင်း သူအပင်ကွယ်မှာရပ်နေလိုက်သည် ကိုကိုက တော့သူ့အားမမြင်ဟန် မမဆီသို့သာကိုကို့အကြည့်များဦးတည်နေသည် ဂျောင်ကုစိတ်ထဲ သူသံသယဝင်ခဲ့သည့်အရာသည် တကယ်ပင်ဖြစ်နေခဲ့ပြီလား ထိုစိတ်ကြောင့်ပဲ သူထိုနေရာမှာရပ်ကာ နားစွင့်နေမိသည် မထင်မှတ်ပဲသူသိလိုက်သည့်အရာများသည် သူ့အားနာကျင်ကြေကွဲလောက်အောင်စွမ်းဆောင်နိုင်ခဲ့သည် ကိုကိုနဲ့မမဟာ တချိန်ကပတ်သက်ခဲ့ဖူးကြပြီး ကိုကိုက မမအားတအားချစ်ခဲ့မည်ပုံပင်ကိုကို့မျက်ဝန်းတွေအားသူ့ကြည့်မိရုံဖြင့်ရိပ်မိပါသည် ဒါကြောင့်လဲသူ့ကိုချဥ်းကပ်သည်ပေါ့ မမ အားနောင်တတရားတို့ဖြင့် နာကျင်အောင်လုပ်နိုင်မည့်အကြောင်းရင်းမှာ ဂျောင်ကုဖြစ်နေခဲ့သည်မလား
ဂျောင်ကုရင်ထဲမှာ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်များလျှံကြလာသည် သူကိုယ်တိုင်တောင်မသိလိုက် ဒီခံစားမှု့မျိုးသည်အဘယ်သို့သောခံစားမှု့မျိုးပါလိမ့် အသုံးချခံတဲ့ သူကကိုကိုအတွက် အသုံးချခံလူတယောက်သာသာ ဒီထက်လဲပိုမည်မထင် နာကျည်းချက်တခုကြောင့်သာ ကိုကိုကျနော့်အားအရယူကာ လက်ထပ်ခဲ့သည် ချစ်တယ်လို့တခွန်းတောင်မပြောပဲလေ အနမ်းတပွင့်တောင် ကြင်နာစွာမပေးပဲလေ ခုတော့သူရှင်းလင်းစွာသိလိုက်ရသည် သူဟာကိုကိုရဲ့အသုံးချခံ......
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုကိုနဲ့ အတူလိုက်နေရတော့မည်မို့ နောက်ဆုံးအကြိမ် မေမေတို့အား နူတ်ဆက်နေသည် မမရောအပါအဝင်ပင် ကိုကိုကတော့ ကားပေါ်မှာစောင့်နေသည် သူကတော့ဒီမိသားစုနှင့်ခွဲနေရမည်မို့ ထပ်မံငိုမိပြန်သည်
"ဂျွန်လေး..."
မမအားက သူအားဝမ်းနည်းစွာခေါ်သည် မမရဲ့မျက်ဝန်းတွေဟာ အပြစ်ရှိသည့် သူတယောက်လိုငြိုးနွမ်းဖျော့တော့နေသည် အကြောင်းရင်းကိုလဲသူသိသည် သို့သော် သူမမအားအပြစ်တိူ့လဲမဆိုရက်ပါ ကျေးဇူးတောင်တင်မိပါသေးသည် ကိုကိုနဲ့တွေ့ဆုံခွင့်ရလို့ပြီးတော့ ကိုကို့ရဲ့လက်တွဲဖော်အဖြစ်ရော တခုပဲ ကိုကို့ရဲ့ချစ်ခြင်းမေတ္တာအားသူမရယုံသာ ကျေနပ်ပါသည် ကိုကို့အနားတော့သူရှိခွင့်ရပြီမဟုတ်လား
YOU ARE READING
Hold on [Short Story]
Fanfictionအမြဲဆုပ်ကိုင်ခွင့်ရှိမယ် ထင်ခဲ့တယ်မင်းရဲ့လက်လေးကို ကိုမတွေးခဲ့မိဘူး မင်းကိုစွန့်လွှတ်ရမယ်လို့ ကိုရူးခဲ့ပါတယ် မင်းဟာ ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေး ကို့ဘေးကဘယ်တော့မှထွက်မသွားမဲ့ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ ~~~~