"နောင်တ "စကားနှစ်လုံးထဲပဲ နောင်တတဲ့ ကို့ဘက်ကမှားနေခဲ့ပြီး အမှန်သိချိန်မှာအရာအားလုံးဟာနောက်ကျခဲ့ပြီ ကျနော်ချစ်ရတဲ့သူ့ကိုလဲဆုံးရူံးခဲ့ရပြီမို့ အရာရာဟာနောက်ကျခဲ့ရပြီ အစိပ်စိပ်ကွဲအက်သွားတဲ့မှန်တချက်လိုပဲ အရာရာပျက်ဆီးခဲ့ပြီ အကောင်းတိုင်းပြန်မရတော့နိုင်လောက်အောင် ပျက်ဆီးခဲ့ပြီ
"အမြဲဆုပ်ကိုင်ခွင့်ရှိမယ်ထင်ခဲ့တာ မင်းရဲ့လက်ကလေးကို "
"ကိုရူးခဲ့တာ မင်းကို ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေးကိုယ့်ဘေးမှာအမြဲရှိနေမယ့်ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ "
"ဒါကြောင့် ကိုမင်းအပေါ် မင်းအချစ်တွေပေါ်အကြိမ်ကြိမ်စော်ကားမိခဲ့တာပါ တကယ်ကိုလဲမင်းကို ရူးလောက်အောင်ချစ်ခဲ့တာပါ "
မှန်ဘောင်ထဲမှ ပြုံးရယ်နေသောကောင်လေး၏ပုံအားကြည့်ကာအရူးတယောက်လိုစကားများဆိုနေသည့် ကောင်လေး၏အသံတို့မှာကွဲအက်နေသည် မျက်ရည်တွေလဲအသွင်သွင်စီးလို့ သက်မဲ့ဓာတ်ပုံထဲမှကောင်လေးနှင့် အရူးလိုငိုကြွေးနေသည့် ကောင်လေးတို့၏ကြေကွဲဖွယ်ဇာတ်လမ်းမှာအဘယ်မှစတင်ခဲ့သနည်း
~~~~~~~~~~~~~
နှင်းဖွဲလေးများကျနေသည့်ကားမှတ်တိုင်လေးတခု ထိုမှတ်တိုင်လေးမှာ တစုံတယောက်အားစောင့်နေသည့်ကောင်လေးခပ်သေးသေးခန္ဓာကိုယ်နှင့်မလိုက်ဖက်စွာခပ်ပွပွ အဖြူရောင်စွယ်တာလေးကိုဝတ်ဆင်ထားသည် ရှေ့သွားကြီးကြီးလေးနှချောင်းပေါ်သည့်ထိ ထိုကောင်ငယ်လေးပြုံးနေမိသည်အဘယ်ကြောင့်ဆိုသော်သူ့ရဲ့လှပတဲ့အတွေးတေကြောင့် ဒီနေ့က သူနဲ့ကိုကိုရဲ့ Anniနေ့လေး1နှစ်ပြည့်Anniနေ့လေးမို့ သူအရမ်းပျော်နေသည်ရင်လဲခုန်နေသည် ဒါကြောင့်ကိုကိုစောင့်ခိုင်းသည့်နေရာမှာသူ့စောင့်နေတာ မနက်ကတည်းကပင် ခုချိန်ထိ ကိုကိုကပေါ်မလာသေးပေ သို့သော်သူဝမ်းမနည်းမိ ကိုကိုကသူ့ကိုသေချာပေါက်လာခေါ်မှာ သူ့အတွေးနှင့်သူတော့ ကောင်ငယ်လေးပျော်နေပါသည် ထို့နောက်သူတို့နှစ်ယောက်စဆုံခဲ့သည်အမှတ်တရတို့ကိုတွေးနေမိသည်
ကိုကို နဲ့ဂျောင်ကုစဆုံခဲ့တာမှတ်မှတ်ရရဒီမှတ်တိုင်လေးမှာပဲ Bus စောင့်နေသည့်သူ့ကို လူရမ်းကားများပြဿနာရှာလာသည့်ချိန် သူ့တအားကိုကြောက်နေခဲ့တာ အဲ့အချိန်မှာ ကိုကိုက ကယ်တင်ရှင်မင်းသားလေးလိုသူ့ရှေ့မှာပေါလာခဲ့တာ မျက်ခုံးထူထူနဲ့သွယ်ဆင်းနေတဲ့ကိုကို့ရဲ့နှာတံလေးပြီးတော့ ခပ်ထူထူကိုကို့ရဲ့နှုပ်ခမ်းလေးရောထင်းနေတဲ့မေးရိုးတွေနဲ့ အို ကိုကိုက အရာအားလုံးကိုပြည့်စုံလွန်းနေခဲ့တာ ကိုကို့ရဲ့ဖြစ်တည်မှု့တိုင်းက သိပ်ကိုမိမိုက်တာ ကိုကို့က ဂျောင်ကုအတွက်တော့နတ်သားလေးပဲ ကိုကို့နာမည်က "ကင်မ်ထယ်ယောင်း"တဲ့ထိုချိန်မှသူနှင့်ကိုကိုသိကျွမ်းခဲ့ရသည် ပြီးတော့မညာတမ်းဝန်ခံရရင် ဂျောင်ကု ကိုကို့ ကိုမြင်မြင်ချင်းစွဲလမ်းပြီးချစ်ခဲ့ရတာ ကိုကို့ဖွင့်ပြောတဲ့နေ့ကသူ့ဘဝမှာအပျော်ဆုံးနေ့ပင် ကိုကိုပြောတာ"ကိုမင်းကိုသဘောကျတယ် တွဲမယ်"တဲ့ ချစ်တယ်လို့ ကိုကို မဆိုပေမဲ့ ဂျောင်ကုကခေါင်းငြိမ့်လက်ခံခဲ့တာ သူကိုယ်တိုင်လဲ ကိုကို့ကို ရူးရူးမူးမူးစွဲလန်းနေမိတာကြောင့်ပင် ဂျောင်ကု ကိုကို့ကို ချစ်သည် အသက်ထက်ကို ပိုချစ်တာ
YOU ARE READING
Hold on [Short Story]
Fanfictieအမြဲဆုပ်ကိုင်ခွင့်ရှိမယ် ထင်ခဲ့တယ်မင်းရဲ့လက်လေးကို ကိုမတွေးခဲ့မိဘူး မင်းကိုစွန့်လွှတ်ရမယ်လို့ ကိုရူးခဲ့ပါတယ် မင်းဟာ ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေး ကို့ဘေးကဘယ်တော့မှထွက်မသွားမဲ့ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ ~~~~