စွန့်ပယ်ခြင်းခံသူတယောက်ဟာ ဘယ်သောအခါမှဘယ်သူတဦးတယောက်အတွက်မှ အရေးပါဆုံးသူဖြစ်မလာနိုင်
လူတိုင်းဟာ သူ့အားချစ်ပါသည်ဟုပြောကြသည် သို့သော် သူဟာအမြဲစွန့်ပယ်ခြင်းသာခံခဲ့ရသည် ဖြူစင်တဲ့မင်းမျက်ဝန်းတွေကြောင့် မင်းဟာကို့အားဘယ်သောအခါမှစွန့်ပစ်ခဲ့မှာမဟုတ်ဖူးလို့ ကိုအကြွင်းမဲ့ယုံကြည်ခဲ့သည်~~
မင်းလဲတခြားသူများနည်းတူဖြစ်လိမ့်မည်ဟု ကို မထင်ခဲ့ပါ စွန့်ပယ်ခံရသူတယောက်ဟာ ဘယ်သောအခါမှနေရာရလိမ့်မည်မဟုတ် သည့်အချက်အား ကို မေ့လျော့နေခဲ့သည်
သူ့အတွက်တော့အဘယ်တဦးတယောက်ကိုမျှ သံယောဇဥ်ကြိုးမထားမိခြင်းသည်အကောင်းဆုံးဖြစ်သည် ဘာလို့ဆိုကိုဟာ ပစ်ချခံရခြင်းအပေါ် လွန်စွာကြောက်တတ်ခဲ့ပြီမို့ ဘယ်သူတဦးတယောက်၏လက်ကိုမှဆွဲထားလိုခြင်းမရှိသလို ကိုအားတွယ်နှောင်လာမည့်လက်တို့အားလဲမလိုအပ်တော့တာသေချာခဲ့ပြီ။
YOU ARE READING
Hold on [Short Story]
Фанфикအမြဲဆုပ်ကိုင်ခွင့်ရှိမယ် ထင်ခဲ့တယ်မင်းရဲ့လက်လေးကို ကိုမတွေးခဲ့မိဘူး မင်းကိုစွန့်လွှတ်ရမယ်လို့ ကိုရူးခဲ့ပါတယ် မင်းဟာ ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေး ကို့ဘေးကဘယ်တော့မှထွက်မသွားမဲ့ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ ~~~~