လူနှစ်ယောက်ကြားတွယ်နှောင်ရာကြိုးလေးပြတ်တောက်သွားခဲ့သော် တဦးတဖက်ကတော့နှစ်နာရစမြဲပဲတဲ့ အင်းဒီလိုဆို ခများကရစ်ဘီးလေးလုပ် ကျနော်ကတော့ စွန်လေးပေါ့ လေနှင်ရာဒဏ်ကြောင့် စွန်လေးနဲ့ရစ်ဘီးကြားကြိုးမျှင်လေးပြတ်တောက်သွားခဲ့သော် ပြတ်တောက်ခြင်းမှာကူကယ်ရာမဲ့ စွန်လေးသာ ကျနော်ဖြစ်လိုပါသည် နှစ်နာခြင်း နစ်နာကျနော်ပဲနစ်နာခံပါ့မယ် ကျနော့်အသက်ဓာတ်လေးခများကတော့ ထိခိုက်လို့မဖြစ် အဲ့လောက်ထိ ခများအားအကဲပိုစွာစိုးထိတ်ရပါသည်။
.
..................
"ဟင်းး .."
ထယ်ယောင်း မျက်စိနှစ်လုံးပွင့်ခြင်း ခံစားလိုက်ရသည့် ခေါင်းထဲမှတဆစ်ဆစ်ကိုက်ခဲမှု့ကြောင့် နားထင်အားဖြစ်ကာညီးငြူလိုက်သည် သူ့ဘေးဘီကြည့်မိတော့ သူ့ရောက်နေသည် မှာသူ့အခန်းထဲ သူအခန်းထဲဘယ်လိုရောက်နေသည်မသိ ညနေ ဂျောင်ကု အားအိမ်သို့ပြန်ပို့ပြီး သူစိတ်ရူပ်မှု့များအားဖြေဖျောက်ရန် Bar တခုသို့သွားခဲ့သည် ထိတော့သူမှတ်မိသေးသည် အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့သည်တော့သူမသိ
ထုံမှိုင်းမှိုင်းဖြစ်နေသည့် သူ့ကိုယ်အားလန်းဆန်းရန်ထယ်ယောင်း ရေချိုးခန်းဆီဦးတည်လိုက်သည်
YOU ARE READING
Hold on [Short Story]
Fanfictionအမြဲဆုပ်ကိုင်ခွင့်ရှိမယ် ထင်ခဲ့တယ်မင်းရဲ့လက်လေးကို ကိုမတွေးခဲ့မိဘူး မင်းကိုစွန့်လွှတ်ရမယ်လို့ ကိုရူးခဲ့ပါတယ် မင်းဟာ ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေး ကို့ဘေးကဘယ်တော့မှထွက်မသွားမဲ့ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ ~~~~