ပိုင်ဆိုင်ချင်လွန်းလို့ သိမ်းပိုက်တာမျိုးမဟုတ်ဖူး မင်းဟာ ကိုယ့်အပိုင်ဖြစ်လို့ ကို့စိတ်ကြိုက်ကစားခွင့်ရှိမယ်မလား ~~
မရေမတွက်နိုင်အောင် အတ္တကြီးစွာရယူခြင်းအပြီးမှာမောဟိုက်နေသည့်အသက်ရှုသံပြင်းပြင်းတို့မှာလဲရပ်တန့်သွားခဲ့သည် သူ့ရင်ခွင်ထဲမှာနွမ်းလျစွာအိပ်စက်နေသောကောင်လေးရဲ့ဆင်းကော့နေသည့်မျက်တောင်စိပ်စိပ်မှာ မျက်ရည်စများတွဲခိုလျက်အလိုရမ္မက်ကြောင့် ရယူခဲ့တာမဟုတ်ပေမဲ့ မင်းနဲ့ထိတွေ့လိုက်မိချိန်တိုင်းဖြစ်ပေါ်လာတဲ့ကိုယ့်ဆန္ဒတွေကိုမထိန်းချုပ်နိုင်ခဲ့တာ ဒီအရာအတွက်မင်းအပေါ်နှစ်မွန်းမိနေပြီလားလို့ မေးရင် ကိုအော်ရယ်လိုက်မယ် အင်း~~ကိုမှမရူံးခြင်ပဲ။
မျက်နှာနုနုပေါ်ဖြာကြလာသည့် အလင်းရောင်စူးစူးကြောင့် မျက်ဝန်းတစုံမှာပွင့်ဟလာသည် နွေးထွေးနေသည့်ခံစားမှုနဲ့အတူ တင်းကျပ်စွာဖက်နှောင်ခြင်းကိုတပြိုင်ထဲသူခံစားလိုက်ရသည် ခေါင်းလေးအားနောက်သို့စောင်းငဲ့ကြည်မိတော့ ခပ်ထူထူနှုပ်ခမ်းတစုံဆီသူအကြည့်တို့ရောက်မိသည် ညကဖြစ်ပျက်ခဲ့သည်အရာများအား သူ့ခေါင်းထဲအစီအရီပြကွက်တခုလို့ ပြန်ပေါ်လာသည် သူ့မျက်ရည်များစို့နင့်လာသည် တန်ဖိုးမဲ့စွာသတ်မှတ်ခြင်းခံရသည့် သူ့၏အချစ်တို့မှာကွဲအက်သွားသည့်မှန်ချပ်တို့လို တစ်စစီ ပြန်ကျဲလို့ရစရာပင်မရှိတော့
ကိုကို့မျက်နှာအားမြင်ရသည်က သူ့အတွက်ပိုနာကျင်ရသည် မှားယွင်းစွာချစ်မိခဲ့ခြင်းပါပဲ ကိုကိုက ကျနော့်အချစ်တွေနဲ့မတန်တဲ့သူတယောက် သူ့အားဖက်တွယ်ထားသောကိုကိုလက်တို့မှာရုန်းထွက်လိုက်သည်။နာကျင်မှု့ကြောင့် သူ့ခြေလှမ်းတို့ဟာယိုင်နဲ့နဲ့လစ်ဟာနေသည့်ခန္ဓာအား စောင်ရှည်တထည်ဖြင့်သာပတ်လျက်အခန်းပြင် ဝရံတာဆီသို့သူဦးတည်လိုက်သည် အခန်းတံခါးဖွင့်လိုက်သည်နှင့်အေးစက်စက်လေထုက သူ့မျက်နှာအား ရိုက်ခတ်လာသည် အဓိပ္ပာယ်မဲ့စွာမြင်လွှာအတွင်းပုံရိပ်များအား သူငေးကြည့်နေမိသည်
"ဂျောင်ကု အပြင်မှာဘာလုပ်နေတာလဲ"
သူ့အတွေးတို့ဟိုတစဒီတစလွင့်နေတုန်း နောက်ပါးဆီမှကိုကို့ခေါ်သံအားကြားရသည်
ဂျောင်ကု အေးစက်စက်မျက်ဝန်းသေများဖြင့် ထယ်ယောင်းရှိရာဘက်သို့မျက်နှာမူလိုက်သည်
YOU ARE READING
Hold on [Short Story]
Fanfictionအမြဲဆုပ်ကိုင်ခွင့်ရှိမယ် ထင်ခဲ့တယ်မင်းရဲ့လက်လေးကို ကိုမတွေးခဲ့မိဘူး မင်းကိုစွန့်လွှတ်ရမယ်လို့ ကိုရူးခဲ့ပါတယ် မင်းဟာ ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေး ကို့ဘေးကဘယ်တော့မှထွက်မသွားမဲ့ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ ~~~~