ဒီကမ္ဘာလောကကြီးမှာဖမ်းဆုပ်နိုင်ဖို့ခက်ခဲတဲ့အရာက ဘာလဲသိလား ~~
"အချစ်"တဲ့ တဦးတယောက်ပေါ်အားမူပိုင်ပေးအပ်ခဲ့သည် သူ့အချစ်တို့အားမျှော်လင့်ခြင်းငှာမဖြစ်နိုင် ဘယ်သောအခါမှ ဖမ်းဆုပ်ခွင့်မရမည့် သူ့အချစ်တို့အား ကျနော်မျှော်လင့်ဆဲ ရူးမိုက်မည်ဟုဆိုကြလေမလား ~~~
နေ့ရက်တွေတဖြည်းဖြည်းကုန်ဆုံးလာတော့အရာရာဟာနေသားကျခဲ့ပြီ ကိုကိုနဲ့ကျနော်ရဲ့ဆက်ဆံရေးမှာအရင်ကလောက်မအေးစက်တော့ပေ အနည်းငယ်တော့ပွင့်လင်းလာခဲ့သည် ကျနော် မျှော်လင့်သောကိုကို့အချစ်တို့နဲ့နွေးထွေးမှု့မှလွဲ၍ပေါ့ အရာရာဟာ အဆင်ပြေသလိုတော့ရှိခဲ့ပါသည် တခြားရယ်လဲကျနော် သိပ်မခံစားတော့ပါ ကျနော်ဘက်ကပဲ နားလည်စွာကိုကို့အလိုကျနေမည်ဟု ဆုံးဖြတ်ထားသောကြောင့် ချစ်မိသူသာလျှင် အရူံးပေးရစမြဲပဲမလား
"ဟယ်လို ကိုကို.."
"အင်းဂျောင်ကုပြော ..."
"ကျနော်မေမေတို့ဆီသွားမလို့ အဲ့တာ"
"ကိုအလုပ်ကပြန်ရင်လာကြိုမယ် ဒါပဲမလား "
"ဟုတ်..ဟို"
တီ~~
သူ့စကားပင်မဆုံးလိုက်သေးတဖက်မှချသွားသော ဆက်သွယ်မှု့လေးအား သူသက်ပြင်းရဲ့ရဲ့လေးချလိုက်သည်ဂျောင်ကုက အရင်ကိစ္စဖြစ်ပြီးကတည်း က ထယ်ယောင်းထံသူ့လုပ်ဆောင်ချက်တိုင်းကိုပြောသည်ထယ်ယောင်းခွင့်ပြုသောအရာများကိုသာသူလုပ်မည် အဘယ်ကြောင့်ဆိုသောကိုကို နားလည်မှု့လွဲမည့်အရာမျိုးသူတို့ဆက်ဆံရေးကြားမရှိစေချင်သောကြောင့် အတတ်နိုင်ဆုံးသူ့အမှားမဖြစ်အောင် ကြိုးစားနေခြင်းဖြစ်သည် ။
ထယ်ယောင်းလဲဖြစ်ပြက်ခဲ့သည့်အကြောင်းအရာများအားမေ့ထားသည် အတတ်နိုင်ဆုံး သူဂျောင်ကုအပေါ်ကောင်းပေးမည်ဟုဆုံးဖြတ်ထားသည် ဘာလုပ်လုပ် သူ့ထံခွင့်တောင်းလာတတ်သောဂျောင်ကုကြောင့် စိတ်ထဲအနည်းငယ်တော့ ကျေနပ်မိသည် ဘာကြောင့်ရယ်တော့သူမသိ
YOU ARE READING
Hold on [Short Story]
Fanfictionအမြဲဆုပ်ကိုင်ခွင့်ရှိမယ် ထင်ခဲ့တယ်မင်းရဲ့လက်လေးကို ကိုမတွေးခဲ့မိဘူး မင်းကိုစွန့်လွှတ်ရမယ်လို့ ကိုရူးခဲ့ပါတယ် မင်းဟာ ကို့ရဲ့အပိုင်ကို့ရဲ့မူပိုင်လေး ကို့ဘေးကဘယ်တော့မှထွက်မသွားမဲ့ဖြစ်တည်မှု့လေးလို့ထင်ခဲ့တာ ~~~~