Burmese Translation of "Doomed to be Cannon Fodder".
Translator - NC
(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာပိုင်ရှန်းရှို့ရဲ့ အပြုအမူလေးကို လောင်ဖူးရန် အတော်သဘောကျရှာတာ။ သူမ စိတ်ချပြီး အေးအေးသက်သာနေလိုက်တော့မဲ့ အချိန်မှာပဲ သားတော်မောင်က တံခါးကြီးကို ဝုန်းကနဲလုပ်ပြီး ဝင်လာလေတယ်။ သူ ဒီကိုလာတာက လမ်းလေးလျှောက်ရင်း နွေဦး ပန်းမာန်တွေကို လာကြည့်တာ မဟုတ်တာ အသိသာကြီး။ သူက နီးပိုင်ကို စိုးရိမ်လို့ လာတာ။ သူ ဘာလို့ သူမအတွက် အရမ်းတွေ စိုးရိမ်နေတာလဲ။ 'ငါနဲ့ အတူတူရှိနေတာကို ဘာအန္တရာယ်အတွက် စိုးရိမ်ပေးနေရသေးတာလဲ'
ဒါပေမဲ့ ပိုင်ရှန်းရှို့ လက်ကလေးကို ကိုင်ရင်း တသသဖြစ်နေပုံရတဲ့ စုန့်ဖူးရန် ပုံကို ထောက်ရရင် သူမ မသိတာတစ်ခုခုကို လုံဟန့် သိနေတာပဲဖြစ်မယ်။ ဒါကြောင့်မို့လဲ သူ အရမ်းတွေ သတိကြီးနေတာနေမယ်။ ဒါပေမဲ့ စုန့် သခင်မက ပိုင်ရှန်းရှို့ကို ကြည့်တဲ့ အကြည့်ကို မြင်ရတဲ့ အခါမှာ လောင်ဖူးရန်ကြီးလဲ ဆွံ့အနေမိတော့တာပါပဲ။ သူမပုံစံက ရှားပါး အဖိုးတန်ရတနာကို ကြည့်နေတဲ့ ပုံဖြစ်နေတာကိုး။ စားသောက်ပွဲ မကြာခင် စတော့မှာကို သတိရမိတော့ လောင်ဖူးရန် ပိုင်ရှန်းရှို့ကို အသိပေးလိုက်တော့တယ်။ "ခဏနေ မားမားတစ်ယောက် သမီးအတွက် ဟင်းပွဲ ပြင်ဆင်ပြီး လာ ဆက်လိမ့်မယ်၊ လောလောဆယ်မှာ သမီး ရှောင်ရမဲ့ အစားအစာတွေ ရှိနေလို့"
"ကျွန်မ နားလည်ပါပြီ၊ လောင်ဖူးရန်" 'ဘာလို့ ဒီလောက် အကဲဆတ်ပြီး အလုပ်ရှုပ်ခံနေကြတာလဲဟယ်၊ ငါ ရှောင်ရန် ဆောင်ရန်တွေ သိပါတယ်ဟာ'
"ဘာဖြစ်တာလဲ၊ စားလို့ မရတဲ့ အစားစာရှိနေတာလား" စုန့်ဖူးရန်က ပျော်တပြုံးပြုံးပဲ မေးလာလေတယ်။
"ဒါပေါ့၊ လောလောဆယ်မှာ ရှောင်နေရတဲ့ အစာတွေ ရှိတယ်လေ၊ သွေးလည်ပတ်မှုကို ထိခိုက်စေမဲ့ အစားအစာတွေ၊ ရင်းဓာတ်များလွန်းတဲ့ဟာတွေ လုံးဝ စားလို့ မဖြစ်ဘူပေါ့" လောင်ဖူးရန်က ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ထားလိုက်ပြီး ဝမ်းသာပီတိအပြည့် ပြုံးနေတော့တယ်။ သူမ အပြုံးက ပွင့်လင်းလွန်းလို့ နဖူးပေါ်က အရေတွေတောင် ပိုတွန့်သွားပါလေရော။
ကိုယ်ဝန် သုံးလကို လူသိရှင်ကြား ကြေညာရင် ကံဆိုးတတ်တယ်ဆိုပေမဲ့ လောင်ဖူးရန် သွယ်ဝိုက်ပြောချင်တဲ့ သဘောကို စားပွဲတစ်ဝိုင်းတည်း ထိုင်နေကြတဲ့ မင်းကတော်တွေ အကုန် သဘောပေါက်ကြတယ်ရယ်။ သူတို့အားလုံး ပိုင်ရှန်းရှို့ကို ဝိုင်းပြီး ဂုဏ်ပြုစကားပြောကြတာ၊ သူမမှာ ရှက်တောင် ရှက်နေမိပြီ။ ဒီလိုနဲ့ စားသောက်ပွဲကြီးက ပျော်ပျော်ပါးပါး စတင်တော့တာပဲ။ ဒါပေမဲ့ လင်သခင်မရဲ့ မျက်ဝန်းတွေထဲ သတ်ဖြတ်ရန်လိုငွေ့တွေ အပြည့်ပါနေတာကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ အံ့သြစရာကောင်းလောက်အောင် သူမကလဲ တည်ငြိမ်ဟန်ဆောင်နိုင်နေတယ်။ အခုချိန်မှာ သူမရဲ့ အဓိက အရေးကြီးတဲ့ ကိစ္စက မိသားစု မျိုးရိုးနာမည်ဂုဏ်ကို အဖတ်ပြန်ဆယ်ဖို့ပဲ။ ဒါကြောင့်မို့ နည်းနည်းလေးတော့ သည်းညည်းခံပေးလိုက်ရမှာပေါ့။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]
Romanceဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...