Burmese Translation of "Doomed to be Cannon Fodder".
Translator - ဂွေ့
(၁၉၄) စစ်ဖြစ်လေပြီ
ပိုင်ရှန်းရှို့တကယ်ကိုပင်ပန်းနေပြီ။ သူမအသက်ရှူနေလား မရှူတော့ဘူးလားဆိုတာကိုတောင်မသိတော့ဘူး။ လောလောဆယ်သူမစိတ်ထဲမှာ အတွေးတစ်ခုပဲရှိတယ်။
"ကျွန်မ ကလေး....ကျွန်မတွေ့ချင်တယ်။ ယောကျာ်းလေးလား မိန်းကလေးလားဟင်?""သားလေး"
လုံဟန့်က ၀မ်းဆွဲသည်ကို ချက်ချင်းဆင့်ခေါ်လိုက်တယ်။ သားဖြစ်သူကိုတွေ့လိုက်တာနဲ့ ထူးခြားတဲ့တစ်ခုကို သတိထားမိသွားတယ်။ ကလေးရဲ့မျက်နှာက အတော်လေးကို ကြည့်လို့ကောင်းတာ။ သူ့အမေမျက်နှာကျနဲ့တစ်ပုံစံတည်းပဲ။! သူ့အမေမျက်နှာကိုချွတ်ပြီးစွပ်ထားသလိုကိုတူတာ။သူမလိုမိန်းကလေးတောင် အရမ်းဆွဲဆောင်မှုရှိပြီးလှနေတာကို သူမလိုမျက်နှာမျိုး အမျိုးသားလေးတစ်ယောက်သာရသွားမယ်ဆိုရင်......မြို့တော်ထဲက အမျိုးသမီးထုကြီးအတွက် ပိုင်ရှန်းရှို့ရင်လေးမိသွားတယ်။
"မေမေတို့ အရမ်းတူတာပဲ"
အဲ့တစ်ကြောင်းကိုပဲပြောပြီး သူမပြန်အိပ်ပျော်သွားတယ်။"ရှို့အာ....ရှို့အာ!"
လုံဟန့်အတော်လေးကိုလန့်သွားတယ်။ သူထင်တာက ပိုင်ရှန်းရှို့တော့ ဒုက္ခတွေ့ပြီဆိုပြီး။ သူချက်ချင်းကိုပဲ သွေးခုန်နှုန်းစမ်းဖို့ သမားတော်ကိုခေါ်တော့တယ်။သမားတော်ကလည်းသေချာစမ်းကြည့်ပြီးမှပြောရှာတယ်။
''သခင်မရှို့က ပင်ပန်းပြီးအိပ်ပျော်သွားတာပါ။ အဆင်ပြေပါတယ်။""ဒါဆိုလည်း ခန္ဓာကိုယ်အတွက်ကောင်းမယ့်ဆေးတွေအမြန်ရေးစမ်းကွာ!"
"၀မ်ရယ် အခန်းထဲကထွက်ပေးလို့ရမလား။ ကျွန်တော်တို့သန့်ရှင်းစရာတွေရှိနေသေးတယ်"
"ဒါ.....ကောင်းပြီ"
သူ တွန့်ဆုတ်တွန့်ဆုတ်နဲ့ပဲ အခန်းထဲကထွက်ပေးလိုက်တယ်။ ဘာလို့ဆို သူရှိနေရင် အခန်းထဲမှာသန့်ရှင်းရေးကိုကောင်းကောင်းမလုပ်နိုင်ဘူးကိုး။ပိုင်ရှန်းရှို့နိုးလာဖို့ သုံးရက်လောက်အချိန်ယူလိုက်ရတယ်။ သူမအတွက်စားစရာဆိုတာ သေချာကိုအထူးတလည်ပြင်ဆင်ပေးထားတာတွေချည်းပဲ။ လုံဟန့်ကလည်းအားတာနဲ့ သူမကိုလာအဖော်ပြုပေးတယ်။ ရှန်းရှို့ဘာမှမပြောရင်တောင် တစ်ခုခုကိုစိုးရိမ်နေတယ်ဆိုတာ သူသိပါတယ်။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]
Romanceဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...