ဂျောင်ကု အိမ်ကနေ ကွန်ဒိုကိုပြန်လာတဲ့ လမ်းတစ်လျှောက် စိတ်နဲ့လူနဲ့ကပ်မနေခဲ့...
အတွေးတွေဂယောက်ဂယက်ဖြစ်နေတော့ ကားမောင်းရတာသိပ်အဆင်မပြေတော့တာမို့ကားကို လမ်းဘေးတစ်နေရာကိုချရပ်လိုက်တယ်
ဂျောင်ကု စတီယာရင်ပေါ် ခေါင်းမှောက်ချပြီး
အတွေးပေါင်းများစွာနဲ့ ချာချာလည်နေရတယ်
'ဘာလို့ထယ်ကငါ့ကိုအမေနဲ့တွေ့တာကိုမပြောတာလဲ
ဘာလို့ ဘာမှမဖြစ်သလိုမျိုးဟန်ဆောင်နေနိုင်ရတာလဲ
ပြီးတော့ အဖေ....အဖေကရော ဘာလို့အေးဆေးနေတာလဲ
ဟား....ဘာတွေလဲကွာ ဘာတွေလဲ ဟူးးး
ဘာပဲဖြစ်ဖြစ် အဖေကကန့်ကွက်နေတာမျိုးမဟုတ်လို့တော်သေးတယ်ပြောရမယ်
လောလောဆယ် ထယ်စောင့်နေတော့မယ်
ငါပြန်မရောက်မချင်းအိပ်မှာမဟုတ်ဘူး
ထယ်နဲ့တွေ့မှပဲ ငါသေချာမေးကြည့်ရမယ်
ဟုတ်တယ် ငါအခုထယ့်ဆီပြန်ရမယ်'
ဂျောင်ကု အတွေးနွံထဲကရုန်းထွက်လိုက်ပြီး
ထယ်ရှိရာ သူ့ကွန်ဒိုဆီ ပြန်ဖို့်ကားစထွက်လိုက်တော့တယ်။
ထယ်ယောင်းနာရီကိုကြည့်လိုက်တော့ ၁၀ နာရီ..
ဂျွန်လဲပြန်မရောက်သေးတာမို့ မအိပ်သေးဘဲ
စောင့်နေမိတာပင်....
ထိုအချိန် တံခါး passwordသံကြောင့် ဂျွန်ပြန်လာပြီဆိုတာ အတပ်သိလိုက်တယ်
ဒါကြောင့် ထယ်ယောင်း တံခါးပေါက်ဆီအမြန်သွားလိုက်ပြီး ဂျွန်ဝင်လာတာတွေ့တာမို့...
Tae -''ဂျွန် ပြန်လာ...အင့်''
ထယ်ယောင်းစကားတောင်မဆုံးသေး.. ဂျွန်ကရုတ်တရက်ကြီးဖက်လာတာမို့ လူက'အင့်'ခနဲ
Tae -''ဂျွန် ဘာဖြစ်လာတာလဲ ဂျွန် ''
ထယ်ယောင်း မေးနေပေမဲ့ ဂျွန့်ဆီကအဖြေပြန်မလာခဲ့....
ဂျွန့်စိတ်အခြေအနေမကောင်းတာကိုရိပ်မိလိုက်တာမို့ ထယ်ယောင်းလဲ ဘာမှဆက်မေးမနေတော့ဘဲ ဂျွန့်ကိုပြန်လည်ပွေ့ဖက်လိုက်ပြီး
ကျောပြင်ကျယ်ကိုသူ့လက်သွယ်သွယ်နဲ့ ပွတ်သပ်ပေးနေမိတော့တယ်။
YOU ARE READING
Don't judge a book by it's cover
FanfictionJust my imagination. So, don't blame my idols Laguage.. Burmese not English