Part 11

125 12 2
                                    

ချစ်သူနှစ်ဦး ချစ်ကြည်နူးတစ်တီတူးရင်းဖြတ်သန်းလာခဲ့တာ Kim group ရဲ့dinner party
ကျင်းပမဲ့ရက်သို့ရောက်လာခဲ့ပြီဖြစ်သည်။
ထယ်ယောင်းကြိုတင်ခန့်မှန်းထားသည့်အတိုင်း ဂျွန်တို့တစ်မိသားစုလုံး ထိုပွဲသို့တက်ရောက်ကြမည်ဖြစ်သည် ဒါတောင်ဂျွန်ကထယ်ယောင်းကိုပါလိုက်ခိုင်းနေသည်မို့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖို့ရှိကြောင်းငြင်းထားရသေးသည်
ထယ်ယောင်းဂျွန့်အတွက်အဝတ်အစားပြင်ပေးပြီးတာနဲ့ ဂျီမင်းနဲ့ချိန်းထားတဲ့cafeဆိုင်ကိုထွက်လာလိုက်တယ် အဲ့ကနေမှKim အိမ်တော်ကိုသွားလိုက်တယ်
ထယ်ယောင်းအိမ်ထဲဝင်လိုက်တာနဲ့ မာမီကထယ်ယောင်းဆီပြေးလာပြီး ဖက်လာတာမို့
ထယ်ယောင်းလဲမာမီ့ကိုပြန်ဖက်ထားလိုက်တယ်
Tae's mom-''မာမီ့သားကိုအခုမှပဲပြန်တွေ့ရ
                       တော့တယ်ကွယ် သားအလုပ်က
                       အဆင်ပြေတယ်မလား ....သား''
Tae -''ပြေပါတယ် မာမီရဲ့....
          သားကဘယ်သူ့သားမို့လဲ သားက
         ကင်ယွန်ယောင်းရဲ့သားကင်ထယ်ယောင်း
        ပါဗျ  ေတာ်ပြီးသား ဟဲဟဲ''
Tae's dad-''ဒီက ကင်ထယ်ဗြောရဲ့သားရော
                    မဟုတ်ဘူးလား ''
ထယ်ယောင်းထိုစကားသံကြောင့်လှည့်ကြည့်မိတော့ထယ်ယောင်းတို့သားအမိကိုပြုံးပြီးကြည့်နေတဲ့ ဒယ်ဒီ့ကိုတွေ့လိုက်ရတာမို့ဒယ်ဒီ့ဆီသွားဖက်လိုက်ပြီး
Tae -''ဒယ်ဒီ... ဒယ်ဒီ့ကိုလဲလွမ်းနေတာ သားက''
Tae 's dad -''ဟုတ်ပါပြီကွာ...သိပါတယ်သားရဲ့
                     အခုပွဲအတွက်ပြင်တော့လေ သွား''
Tae -''ဟုတ် ဒယ်ဒီ ''ဟုဆိုကာ ထယ်ယောင်းအပေါ်ထပ်ကသူ့အခန်းလေးဆီတက်သွားလို်က်ပြီးရေမိုးချိုးလိုက်ကာပွဲအတွက်မာမီပြင်ပေးထားတဲ့ဝတ်စုံကိုဝတ်ဆင်လိုက်တယ်
တစ်ဖက်ကဂျောင်ကုမှာလဲ ထယ်ပြင်ပေးခဲ့တဲ့
ဝတ်စုံလေးကိုဝတ်ပြီးဂျွန်အိမ်တော်ဆီထွက်လာလိုက်တယ် ပွဲကိုကအဖေတို့နဲ့ကားတစ်စီးတည်းသွားရမှာကြောင့်ပင်။
ဂျောင်ကုဂျွန်အိမ်တော်ကိုရောက်တော့ အသင့်ပြင်ပြီးနေပြီဖြစ်တဲ့အဖေတို့ကသူ့ကိုစောင့်နေတာတွေ့လိုက်ရတယ်
Jk-''အဖေ သားရောက်ပြီ သွားကြတော့မလား"
Jk's dad -''အေး...သွားကြတာပေါ့ကွာ
                   ပွဲစဖို့သိပ်မှမလိုတော့တာ အခုသွားမှ
                   ပွဲစချိန်မှီမှာ ''
ဂျောင်ကုတို့အဖေ့ကားနဲ့ပဲKim group dinnerကိုထွက်လာလိုက်တယ်
ဂျောင်ကုတို့ရောက်တော့ ပွဲကစနှင့်နေပြီ။
ဂျောင်ကုတို့ကိုChairman Kimကလာနှုတ်ဆက်ကာနေရာချပေးပြီးသည်နှင့် စင်ပေါ်သို့တက်သွားသည်။
Chairman Kim -''ယနေ့ပွဲကိုကြွရောက်လာတဲ့
ဧည့်သည်တော်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျာ ဒီနေ့ကျင်းပရတဲ့ပွဲကတော့ ကျွန်တော်ရဲ့သားကင်ထယ်ယောင်းကို
အနာဂတ်Kim group ရဲ့ဆက်ခံသူအဖြစ်အသိပေးကြေညာတဲ့ပွဲပဲဖြစ်ပါတယ်''
ဂျောင်ကုကြားလိုက်ရတဲ့နာမည်ကြောင့် ခါးကမတ်ခနဲ... မဖြစ်နိုင်ပါဘူးလေ နာမည်တူတာနေမှာပါ အတွေးပင်မဆုံးသေး စင်ပေါ်တက်လာတဲ့သူကြောင့်ဂျောင်ကုမှာကြောင်အသွားရသည်
သူ့ချစ်သူက ဘယ်လိုလုပ်ပြီး......
ဂျွန်လီအွန်းတစ်ယောက်Kim group ရဲ့ဆက်ခံသူက သူမ မထင်မှတ်ထားတဲ့သူဖြစ်နေတာမို့
ဟန်ပင်မဆောင်နိုင်လောက်အောင်မူပျက်နေပြီဖြစ်သည်။
ထယ်ယောင်းစင်ပေါ်တက်ရောက်ပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်တယ်
Tae -''အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်ခင်ဗျ
         ကျွန်တော့်နာမည်ကင်ထယ်ယောင်းပါ
       အနာဂတ်Kim groupရဲ့ဆက်ခံသူပါ
      ရှေ့လျှောက်လူကြီးမင်းတို့်နဲ့အလုပ်တွေ
       အများကြီးတွဲလုပ်ချင်ပါတယ်ခင်ဗျာ
        ကျေးဇူးတင်ပါတယ်''
ထယ်ယောင်းပြောပြီးသည်နှင့်ပရိသတ်အပေါင်းကလက်ခုပ်သြဘာချီးမြှင့်ကြသည်။
ထယ်ယောင်းဒယ်ဒီနဲ့အတူ ရှယ်ယာရှင်တွေကိုလိုက်နှုတ်ဆက်ရင်း နောက်ဆုံးဂျွန်တို့ဝိုင်းကိုရောက်လာခဲ့သည်။
ဂျွန့်ကိုကြည့်မိတော့ ကိုယ့်ကိုကြောင်ကြည့်နေတဲ့ဂျွန့်ကိုတွေ့ရတယ် အင်းလေ ရုတ်တရက်ဆိုတော့ဂျွန်လဲကြောင်သွားမှာပေါ့လေ
ဂျွန့်ဘေးကဂျွန်ကတော်ကတော့ ဟန်ပင်မဆောင်နိုင်လောက်အောင်မျက်စိမျက်နှာပျက်နေတာကိုမြင်လိုက်ရတာမို့ ထယ်ယောင်းစိတ်ထဲကျိတ်ရယ်နေမိတယ်
'အဟက်... ဂျွန်ကတော် ခင်ဗျား ကျွန်တော့်ကိုပြောခဲ့တာတွေအတွက် နောင်တရမသွားဖို့တော့မျှော်လင့်ပါရဲ့ဗျာ...''


Don't judge a book by it's coverWhere stories live. Discover now