Part 13

135 12 1
                                    

ဂျောင်ကုတို့လဲထယ်တို့ကိုနှုတ်ဆက်ပြီးပြန်လာလိုက်တော့သည် အိမ်ရောက်သည်နှင့်
Jk-''အဖေ... ဘာလို့သားကိုမပြောပြတာလဲ''
ဂျွန်မင်ဂု အစမရှိအဆုံးမရှိပြောလာတဲ့သားကြောင့် ကြောင်သွားရသည် ပြီးမှ
Jk's dad -''ဟ..ငါကဘာကိုပြောရမှာတုန်း''
Jk -''ထယ့်ကိုအစကတည်းကသိနေတာဆို
       ဘာလို့မပြောပြတာလဲလို့..''
Jk's dad -''ပြောလို့ရမလားကွ အဲ့ကလေးကသူ့အဖေcompanyမှာလုပ်ရင် ပိုင်ရှင်ရဲ့သားဆိုပြီးသူ့ကိုညှာနေကြမှာစိုးလို့တောင်သရုပ်အမှန်ကိုဖုံးကွယ်ပြီးငါတို့ဆီမှာအလုပ်လာလုပ်တာလေ
ပြီးတော့ ငါ့ကိုပါ သူဘယ်သူဆိုတာကိုမပြောပြဖို့တောင်းဆိုထားတာ အဲ့ဒါကြောင့်.....''
Jk's mom -''အဲ့ဒါကြောင့် ရှင့်သားချစ်သူကအဲ့ကောင်လေးမှန်းသိတော့ရှင်ဘာမှမပြောခဲ့တာမလား''
တစ်ချိန်လုံးငြိမ်နေခဲ့သည့်မိန်းမဖြစ်သူကထမေးလေတော့ ဂျွန်မင်ဂုဘာဖြေရမှန်းတောင်မသိ။
Jk-''အဖေ...သားတို့ကိုသဘောတူတယ်မလား''
မိန်းမဖြစ်သူကိုဘာပြန်ဖြေရမှန်းမသိလို့ငြိမ်နေကာမှ သားဖြစ်သူကတစ်စခန်းထပြန်တယ်
Jk's dad-''မသိဘူး''
ထိုတစ်ခွန်းသာပြန်ပြောပြီး အပေါ်ထပ်တက်သွားတာမို့ ေဂျာင်ကုပြောချင်နေတဲ့စကားတွေအကုန်လေထဲတင်ပျောက်ကုန်တယ်
ေဂျာင်ကုအမေ့ကိုတော့မမေးလိုတော့ပါ
ဘာလို့ဆို ထယ်နဲ့သဘောမတူပါဘူးရယ်လို့ပြောခဲ့တာမှမကြာသေးတာလေ။
Jk-''သားပြန်တော့မယ် အမေ''ဟုသာနှုတ်ဆက်ပြီး သူ့ကွန်ဒိုဆီပြန်ဖို့ကားဆီထွက်လာခဲ့တယ်
ဂျွန်လီအွန်း အခုမှဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေရပြီ သူမပြောခဲ့တာတွေကလွန်သွားပြီမလား
သူမတို့Jeon groupကTop3လောက်ဆို
Kim groupက Top2အဆင့်ရှိသည့်companyကြီးတစ်ခုဖြစ်သည်
သူမ ပြန်တောင်းပန်သင့်လား ဝေခွဲရခက်နေပြီ။
ဂျွန်မင်ဂုအောက်ထပ်ပြန်ဆင်းလာတော့ ဆိုဖာမှာထိုင်လို့အတွေးများနေပုံရသည့်မိန်းမဖြစ်သူကိုတွေ့ရသည်။
သူသိတာပေါ့ သူ့မိန်းမကဘယ်လောက်တောင်စည်းစိမ်မက်သလဲဆိုတာ...
သူတို့ရဲ့အိမ်ထောင်ရေးကလဲစီးပွားရေးအလဲအလှယ်တစ်ခုထက်မပိုခဲ့။
သားအလှည့်ကိုတော့ သူတကယ်ချစ်တဲ့သူနဲ့ပေါင်းဖက်စေချင်သည်မှာသူ့စိတ်ရင်းအမှန်ပင်။
ဂျောင်ကု ကွန်ဒိုကိုပြန်ရောက်တော့ ကြိုရောက်နှင့်နေတဲ့ထယ့်ကိုတွေ့လိုက်သည် သို့သော်မမြင်ချင်ယောင်ဆောင်လျက် အိပ်ခန်းထဲဝင်လိုက်တယ် စိတ်ထဲမှာတော့ ထယ်ကသူစိတ်ဆိုးနေမှာစိုး၍လာချော့တာကြောင့်ပျော်နေသည် သို့သော်
မျက်နှာအမူအရာမှာတော့တင်းမာလျက်...
ထယ်ယောင်း ဂျွန့်ကိုရှင်းပြဖို့ရာ ကွန်ဒိုကိုပြန်လာပေမဲ့ ဂျွန်ကပြန်မရောက်လာသေးသည်မို့ဧည့်ခန်းကဆိုဖာတွင်ထိုင်စောင့်နေလိုက်သည်။
တအောင့်အကြာ ဂျွန်ရောက်လာတာမို့
ထယ်ယောင်း ထိုင်နေရာမှထလို့် ဂျွန့်ကိုခေါ်ဖို့လုပ်ပေမဲ့ ထယ်ယောင်းကိုမမြင်ချင်ယောင်ဆောင်ကာ အိပ်ခန်းထဲဝင်သွားတဲ့ဂျွန့်ကြောင့်စိတ်မကောင်းဖြစ်သွားရသည် ဒါပေမဲ့လဲကိုယ်ကမှားထားတဲ့သူမို့သေချာတောင်းပန်ရပေမည်။
ဒါကြောင့်ဂျွန်ရှိရာအိပ်ခန်းဆီလိုက်ဝင်လိုက်တော့သည်။

Don't judge a book by it's coverWhere stories live. Discover now