ဂျောင်ကုကိုဒီနေ့ အမေက အိမ်ကိုလာခဲ့ဖို့ ၊
သားသားနားနားဝတ်စားလာဖို့အပြင် အမေခေါ်တယ်ဆိုတာ ထယ့်ကိုမပြောဖို့ ဖုန်းဆက်တယ်။
ဂျောင်ကု ကျန်တာကိုအဆင်ပြေပေမဲ့ ထယ့်ကိုမပြောဖို့ပြောလာတာကိုတော့ဘဝင်မကျတာမို့
Jk-"အမေ..ဘာလို့ထယ့်ကိုမပြောရမှာလဲ
အရင်အမေခေါ်တိုင်းလဲထယ့်ကိုပြောနေကျ
ပဲလေ ထယ်လဲဘာမှမပြောတာဗျာ"Jk's mom-"ငါကဒီလိုလုပ်ဆို လုပ်လိုက်လေ
ဘာလို့အထွန့်လာတက်နေတာလဲ"Jk-"အမေ!!!..." ဂျောင်ကု အော်လိုက်မိတယ်။
Jk's mom -"ငါကဒါဆိုဒါပဲ ကြိုက်တယ်နော်
ဒါပဲ"
ဂျောင်ကု ဖုန်းချလိုက်ပြီးတာနဲ့ စိတ်ရှုပ်ရှုပ်နဲ့
ဆံပင်တွေကိုဆွဲဖွာပစ်လိုက်မိတယ်။
'ကျစ်..အမေဘာတွေလုပ်နေပြန်ရတာလဲကွာ...
ဟား...ရူးချင်တာပဲ 'ဂျောင်ကုဘာမှတွေးမနေဘဲ အမေတို့အိမ်ကိုထွက်လာလိုက်တယ်။
မနက်ကသွားဖို့ပြင်ဆင်နေတုန်း ထယ်ကမေးတာကိုတောင် လိမ်ပြောလိုက်မိတာမို့ စိတ်ထဲတော့မကောင်း။ဂျောင်ကု အိမ်ရောက်တော့ ဧည့်ခန်းထဲမှာ လူတွေများနေတာကိုသတိထားမိတယ်။
ဧည့်ခန်းထဲဝင်သွားတော့ အမေက ဂျောင်ကုကိုသူ့အနီးဆွဲထိုင်ခိုင်းပြီး မျက်နှာချင်းဆိုင်က မိန်းမကြီးကို မိတ်ဆက်ပေးတယ်။
Jk's mom -"မီရာ ဒါကတို့သားလေးလေ
ဂျွန်ဂျောင်ကုတဲ့...
သား ဒါကအမေ့ငယ်သူငယ်ချင်း
ဂန်မီရာတဲ့ ဘေးကသူ့သမီး
ဂန်ယူနာတဲ့ နှုတ်ဆက်လိုက်အုံး"Jk-''ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ
Jeon Jungkookလို့ခေါ်ပါတယ်"ဂျောင်ကုနှုတ်ဆက်လိုက်တော့အမေ့သူငယ်ချင်းဖြစ်သူကပြုံးပြတာမို့ပြန်ပြုံးပြလိုက်တယ်။
KYN-"အဟင်း တွေ့ရတာဝမ်းသာပါတယ်Jeon''
ဂျောင်ကုအဲ့လိုခေါ်ခွင့်က ထယ့်တစ်ယောက်ပဲ
ေပးထားတာကို အရှေ့က မဒီကခေါ်လာတာမို့်
Jk -"ဂန်ယူနာဗျ..အဲ့လိုမခေါ်ပါနဲ့ဗျ
ကျွန်တော်မကြိုက်ဘူး ပြီးတော့ကျွန်တော့်
ကိုအဲ့လိုခေါ်ခွင့်ပေးထားတာကလဲကျွန်တော့်
ချစ်သူကိုပဲခွင့်ပြုထားတာမို့ပါ"
YOU ARE READING
Don't judge a book by it's cover
FanfictionJust my imagination. So, don't blame my idols Laguage.. Burmese not English