ဂျွန်လီအွန်းတစ်ယောက် လတ်တလော စိတ်တွေအရမ်းကိုရှုပ်နေရတယ် အမှန်ပြောရရင် အကြံအိုက်နေတာပေါ့.....
ဘာလို့ဆို သူမ မျက်နှာမွဲရယ်လို့ တွေးထင်ထားတဲ့ ကင်ထယ်ယောင်းက Kim groupရဲ့သားဖြစ်နေမှန်းသိလိုက်ရကတည်းက သူမစိတ်တွေလေးနေတာပင်ဖြစ်သည်။
သူမဘက်က ကင်ထယ်ယောင်းကိုပြောခဲတာတွေကလွန်သွားခဲ့ပြီးနေပြီမို့ ပြန်ပြင်ဖို့ကလဲအဆင်မပြေတော့ အခုနေမှ ထပြီးသဘောတူလိုက်ပြန်ရင်လဲ သူမလွန်ထားခဲ့တဲ့စကားတွေကိုပြန်တွေးမိပြန်တယ်။
တကယ်ကို အာရုံနောက်နေရပြီလေ။
သူမတို့Jeon groupထက်ပင်တစ်ဆင့်မြင့်တဲ့
Kim groupရဲ့သားကိုမှ ပက်ပက်စက်စက်ပြောထွက်ခဲ့တာမို့ ပြန်တောင်းပန်ရအောင်လည်း
သူမရဲ့မာနကလက်သင့်မခံနိုင်။
နောက်ဆုံးမှာတော့ ဂျွန်လီအွန်းတွေးလိုက်တယ်
'အို...ဘာဖြစ်လဲ ငါကအမေပဲလေ
ငါ့ဆုံးဖြတ်ချက်ကိုသူတို့ဘာပြောနိုင်မှာမို့လဲ'
သို့သော် သူမရဲ့အတွေးတွေကတစ်ဖက်သတ်ဆန်နေမှန်းသာ သူမသိခဲ့ပါလျှင်....
ထိုအသိစိတ်ထက် သူမရဲ့တလွဲမာနတို့ကိုသာရှေ့တန်းတင်လို့ သူမဆုံးဖြတ်ချက်ချခဲ့လေပြီ။
ထိုသို့ဆုံးဖြတ်ပြီးသည်နှင် သားဖြစ်သူထံဖုန်းလှမ်းဆက်လို့ အိမ်ကိုခနလာရန်ပြောဖို့်ပြင်လိုက်သည်။
ဂျောင်ကု အစည်းအဝေးပြီးလို့ ရုံးခန်းထဲဝင်ရုံရှိသေး ဖုန်းလာတာကြောင့် ထုတ်ကြည့်လိုက်တော့ အမေ့ဆီကဖြစ်နေသည်။
ဂျောင်ကု အမေ့ဆီကဖုန်းကို မကိုင်လို။
အမေဖုန်းဆက်ခေါ်သည်နှင့် သူနဲ့ထယ့်ကိုလမ်းခွဲခိုင်းဖို့ကလွဲလို့ အခြားမရှိသည်မို့ပင်။
သို့သော်လဲ မကိုင်၍မဖြစ်သည်မို့် ခေါ်ဆိုမှုကိုလက်ခံလိုက်သည်။
Jk-''ဟယ်လို..အမေ"
Jk's mom-''ညနေ အလုပ်ကပြန်ရင်အိမ်ခနဝင်ခဲ့
အမေပြောစရာရှိလု့ိ... သား"
ဂျောင်ကု ငြင်းမည်ကိုကြိုသိသည့်အလား
အမေက ဆက်ပြောသည်။
Jk's mom -"မင်းနဲ့မင်းကောင်လေးကိုအဆက်
ဖြတ်ခိုင်းဖို့မဟုတ်တာမို့ အိမ်ခန
လာခဲ့...တွေ့တော့မှပြောရအောင်"
Jk -"ဟုတ်..အမေ ဒါဆို ဒါပဲနော်"
ဂျောင်ကုဖုန်းချလိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်မိတယ် အမေဘာတွေပြောမလဲသိချင်သေးတာမို့ မသွားချင်သည့်တိုင် သွားရပေအုံးမည်သာ။
YOU ARE READING
Don't judge a book by it's cover
FanfictionJust my imagination. So, don't blame my idols Laguage.. Burmese not English