Part 34

97 11 0
                                    

အချိန်အားဖြင့် မနက် ၈ နာရီခွဲ....
ဒီနေ့ပိတ်ရက်လဲဖြစ်တဲ့အပြင် မနေ့ကတည်းကတိုင်ပင်ထားကြတဲ့အတိုင်း ထယ်ယောင်းတို့တွေဂျွန်အိမ်တော်ဆီသွားဖို့ရှိတာမို့ လက်ဆောင်ဝယ်ဖို့ ပြင်နေကြသည်။

Jk-"ထယ်..ဘယ်သွားမှာလဲ အသဲ"

Tae -"အင်း...ဂျွန်တို့ mallပဲသွားမယ်လေ
          အစားအသောက်တိုလီထွာလီလောက်ပဲ
          ဝယ်ရတော့မှာဆိုတော့... "

Jk-"Ok..Let's go, Babe"

နှစ်ယောက်သား တက်ညီလက်ညီဖြင့် ချီတက်လာကြသည်။
ထုံးစံအတိုင်း ဂျောင်ကုလှည်းလေးတွန်းလို့
ထယ်ယောင်းကတော့ လိုချင်တာကောက်ထည့်ရုံသာ။
ဂျွန့်အမေအတွက်မုန့်အပြင် ထယ်ယောင်းတို့
Gucciကထုတ်တဲ့ နောက်ဆုံးပေါ်အိတ်ကိုပါ
လက်ဆောင်ပေးဖို့ပြင်ထားပြီးသားဖြစ်သည်။
ဟိုဧည့်သည်သားအမိအတွက်ပါ အိတ်တွေကိုလက်ဆောင်အနေနဲ့ပေးဖို့ပြင်ထားပေမဲ့
ဂျွန့်အမေထက် ဒိတ်အောက်တဲ့ပုံစံသာ ပြင်ထားသည် မပေးချင်သော်လည်းပေါ့....

ဂျောင်ကုတို့်လိုတာတွေဝယ်ခြမ်းပြီးတာနဲ့ ဂျွန်အိမ်တော်ကိုလာလိုက်သည်။
ထယ်ယောင်းတို့ရောက်သွားတော့ ဧည့်သည်သားအမိနဲ့ ဧည့်ခန်းမှာ စကားပြောနေတဲ့
ဂျွန့်အမေကိုတွေ့လိုက်တယ်။

ဂျွန်တစ်ယောက်တည်းအရှေ့ကအရင်ဝင်စေပြီး
ထယ်ယောင်းကပစ္စည်းတွေသယ်လို့နောက်ကလိုက်ဝင်လိုက်တယ်။
ထယ်ယောင်းကိုမြင်တော့ လုံးဝကိုshockရသွားတဲ့ပုံစံနဲ့ ဂျွန့်အမေကြောင့် ထယ်ယောင်း စိတ်ထဲကြိတ်ရယ်နေမိတယ်။
'ခင်ဗျားကြီးဥာဏ်ကောင်းသလောက်ကတော့ကင်မ်ထယ်ယောင်းတို့ အိပ်နေသလောက်ပဲရှိတယ်....မေမေရ အဟက်"

ဂျွန်လီအွန်း ဧည့်ခန်းမှာ သူငယ်ချင်းသားအမိနဲ့အေးဆေးစကားပြောနေတုန်း သားဖြစ်သူကရောက်ချလာတာမို့ ဂန်ယူနာကြောင့်များလားလို့်တွေးပြီး ပီတိဖြစ်နေတုန်း နောက်ကဝင်လာသူကိုမြင်တော့ လုံးဝစိတ်ရှုပ်သွားရတယ်။

Jk-"အမေ..ထယ်ကအမေတို့ဆီလာချင်တယ်
       ဆိုလို့ ပြီးတော့ လက်ဆောင်တွေတောင်မှ
       ပြင်လာသေးတယ် ထယ်ပေးလိုက်လေ"

Don't judge a book by it's coverWhere stories live. Discover now