Part 19

103 12 2
                                    

ထယ်ယောင်းနဲ့ဂျီမင်းတို့ "Royal Hotel"သို့ရောက်နေကြသည်။
Model Agencyတစ်ခုကmodel showကျင်းပရာမှာ ထယ်ယောင်းတို့Gucci နဲ့လက်တွဲလိုတာမို့မနေ့ကတည်းကပွဲအတွက်လုံးပမ်းခဲ့နေခဲ့ကြရခြင်းပင်။
ပွဲကညနေ၆နာရီလောက်မှစမှာဖြစ်သည့်တိုင်
ထယ်ယောင်းတို့ကတော့ မနက်ခင်းမှာကတည်းက ရောက်နေကာ ဝတ်စုံတွေကိုပြန်စစ်ဆေးနေကြသည်။
မနက်ကတည်းက ဂျွန့်ကိုပြောထားပြီးသားမို့
ဂျွန်စိတ်ပူနေမည်ကိုစိုးရိမ်နေစရာမလို။
ထယ်ယောင်းနဲ့ဂျီမင်း နေ့လည်မှာ အကုန်ပြင်ဆင်ပြီးတာနဲ့ ထိုဟိုတယ်မှာသာ နေ့လည်စာစားနေကြသည်။
ထိုစဥ် ထယ်ယောင်းဖုန်းnotiကြောင့် ဖွင့်ကြည့်လိုက်တော့
🗨ထယ်..ကိုယ်ဒီနေ့ညနေအမေ့ဆီခနဝင်ရမယ်
ဘာမှစိတ်မပူနဲ့နော်... အမေဘာပဲပြောပြော
ကိုယ်ကထယ့်ကိုပဲရွေးချယ်မှာ ယုံထားနော်
ချစ်တယ် ကိုယ့်ခလေးလေး 🗨 ဟူသော
ဂျွန့်ဆီကပို့လာတဲ့msgဖြစ်သည်။
ထယ်ယောင်းလဲ ဂျွန့်ဆီသို့ စာပြန်ပို့လိုက်သည်။
🗨အင်းပါ.. ဂျွန်ရယ် ထယ်သိပြီးသားပါ
ထယ်ဒီညစောနိုင်သလောက်စောစောပြန်ခဲ့
မယ်နော်..ဂျွန့်အသက်လေးထယ်🗨ဟူ၍
အချိန်တွေကုန်လို့ပွဲချိန်ရောက်ကာပွဲစနေပြီဖြစ်သည်။
ထယ်ယောင်းတို့နဲ့အတူ ထိုagencyကလူတွေပါအကုန် ကြိုးစားခဲ့ကြတာကြောင့်ပွဲကအဆင်ပြေခဲ့သည်။
ပဲွဲပြီးသည့်အချိန်ကတော့ဖြင့်၉နာရီလောက်ဖြစ်နေပြီ သို့သော် အောင်ပွဲအနေဖြင့် agencyပိုင်ရှင်
အကိုက ဝန်ထမ်းတွေနဲ့စုပြီး ဝိုင်းဖွဲ့ကြသေးသည်။ ထယ်ယောင်းတို့ကိုလဲပါဝင်စေလိုသည်မို့ ထယ်ယောင်းရောဂျီမင်းပါ မပြန်ရသေးဘဲ
အနည်းအကျဥ်းဝင်သောက်ကြရသေးသည်။
အစပိုင်းပြောပြောဆိုဆို သောက်သောက်စားစားဖြင့် အဆင်ပြေနေခဲ့ပေမဲ့ ထယ်ယောင်း
တဖြည်းဖြည်းနဲ့ တခုခုကိုလိုအပ်သလိုလို
ခန်ဓာကိုယ်က ပူလောင်လာသည်မို့ မနေတတ် မထိုင်တတ်တွေဖြစ်ကုန်ရသည်။
ဂျီမင်းလျှောက်ငေးနေမိရင်းက ထယ်ယောင်းကိုလှည့်ကြည့်လိုက်မိတော့ ဟိုပွတ်ဒီပွတ်နဲ့တွန့်လိမ်လို့နေသည်။
Jm-"ထယ်ထယ်.. ဘာဖြစ်နေတာလဲ
နေမကောင်းဘူးလား သူငယ်ချင်း"
Tae -"ငါ..ငါ ဆေးမိသွားပြီထင်တယ်"
ထိုစကားကြားလိုက်ရတဲ့အခါ ဂျီမင်းခမျာ
သွေးဆောင့်တက်သွားသလိုတောင်ဖြစ်သွားရသည်။ 'Shit!သေချင်တာပဲ'
ဂျီမင်း ထယ်ယောင်းကိုဆွဲထူလို့ ပွဲရှင်ကိုပြန်တော့မည်ဖြစ်ကြောင်းအမြန်ပြောကာ ကားဆီသို့အပြေးသွားလိုက်ပြီးသည်နှင့် ထယ်ယောင်းကို ကားနောက်ခန်းဆီထည့်လိုက်ပြီ သူကတော့ driver seatမှာအမြန်နေရာယူလို့ အမြန်မောင်းတော့သည်။
ဂျီမင်းကို ထယ်ယောင်းက ဂျောင်ကုကွန်ဒိုကိုပို့ခိုင်းတာမို့ အဲ့ကိုသာမောင်းပေးလိုက်သည်။
ကွန်ဒိုရောက်သည်နှင့် ထယ်ယောင်းကိုတွဲကာ
အိမ်ထဲပို့ပေးလိုက်သည်။
Jm-''ထယ်ထယ် အဆင်ပြေရဲ့လား
နေအုံး မင်းရေစိမ်လိုက်မှရမယ်ထင်တယ်''
ဂျီမင်း ထယ်ယောင်းတို့အိပ်ခန်းထဲက ရေချိုးခန်းဆီသွားဖို့ပြင်ပေမဲ့ ထယ်ယောင်းကလှမ်းတားသည်။
Tae -"ဂျွန်...ဂျွန့်ကိုသာဖုန်းဆက်ပေး အခု"
ဂျီမင်းလဲ ထယ်ယောင်းဆီမှဖုန်းယူကာ
ဂျောင်ကုဆီဆက်ပေးလိုက်သည်။
ဂျောင်ကုအမေနဲ့စကားပြောနေရင်း ထယ့်ဆီကဖုန်းဝင်လာတာမို့ ကိုင်လိုက်တော့ တစ်ဖက်ကလူကထယ်မဟုတ်ဘဲထယ့်သူငယ်ချင်းဖြစ်နေသည်။
Jk-"ဟယ်လို..ထယ်"
Jm-"အာ..ဂျောင်ကုခင်ဗျ ထယ်ဆေးမိလာလို့
ကွန်ဒိုကိုအမြန်ပြန်လာပေးပါလား"
Jk-"ဟုတ်ပြီ..ကျွန်တော်ခုပြန်လာမယ်"
ဂျောင်ကု ဖုန်းအမြန်ချလိုက်ပြီး အမေ့ကိုတောင်နှုတ်မဆက်နိုင်ဘဲကွန်ဒိုဆီကိုသာအမြန်ပြန်ပြေးလာလိုက်တော့သည်။




Don't judge a book by it's coverWhere stories live. Discover now