မနက်အစောထယ်ယောင်းနိုးလာတော့ ဂျွန်ကအိပ်နေဆဲ....
နာရီကိုလှမ်းကြည့်တော့၆း၃၀မို့ ဂျွန့်ကိုမနှိုးသေးဘဲမနက်စာပြင်ပြီးမှသာနှိုးရန်တွေးလိုက်သည်။
ထယ်ယောင်း ဂျွန်မနိုးစေရန်ကုတင်ပေါ်ကနေဖြေးဖြေးလေးထလိုက်ပြီး ရေချိုးခန်းထဲသွားလိုက်တယ် ပြီးတာနဲ့မီးဖိုခန်းဆီဦးတည်လိုက်တယ်..
မနက်စာကို ဂျွန့်အတွက်ကကော်ဖီနဲ့သူ့အတွက်ကhot chocoရယ် ပေါင်မုန့်ကြက်ဥကြော်ရယ်ပြင်လိုက်တယ်
ထယ်ယောင်း မနက်စာပြင်ပြီးတော့၇နာရီရှိပြီ။
ဒါကြောင့်သူရေအရင်ချိုးနှင့်လိုက်ပြီးမှ ဂျွန့်ကိုနှိုးလိုက်တယ်။
Tae -''ဂျွန်...ဂျွန် ထတော့၇နာရီကျော်နေပြီ...
ထပါတော့လို့ ဂျွန်ရဲ့ အမေ့!"
ထယ်ယောင်း ဂျွန့်လက်ကိုဆွဲလှုပ်ပြီးနှိုးနေစဥ်ရုတ်တရက်ဂျွန်ကလက်ကိုဆွဲချပြီးဖက်လိုက်တာမို့လန့်သွားရတယ်
Jk-''ဘာလို့အစောကြိီးထသွားရတာလဲကွာ..
အိပ်ရေးပျက်ကုန်တော့မယ် အသက်ရယ်''
ဂျွန့်အသံကအိပ်ရာနိုးခါစမို့အက်ရှရှရယ်...
ထယ်ယောင်းဂျွန့်ရဲ့နဖူးပေါ်ကဆံပင်တွေကိုသပ်တင်ပေးလိုက်ရင်း ပြုံးကာပင်
Tae -''နိုးရင်လဲထတော့ မနက်စာပြင်ပြီးပြီ''
Jk-''အင်းးး morning kiss babe''
ထယ်ယောင်း ဂျွန့်နှုတ်ခမ်းကိုတစ်ချက်ဖိကပ်နမ်းလိုက်ပြီး ထခိုင်းလိုက်တယ်
ဂျောင်ကုရေချိုးပြီးတာနဲ့နှစ်ယောက်အတူတူမနက်စာစားကြတယ် စားနေရင်းနဲ့မှဂျွန်က
Jk-''ထယ်..ထယ်ကအခုkim groupရဲ့ဆက်ခံသူ
အဖြစ်ကြေညာပြီးနေပြီဆိုတော့ အလုပ်က
ဘယ်လိုလုပ်မှာလဲ ''
Tae -''ဟီး...ပြီးခဲ့တဲ့အပတ်ကပဲထွက်စာတင်ခဲ့ပြီ
ဂျွန့်ကိုတင်ပြရမဲ့ဖိုင်အပြာထဲမှာညှပ်ထား
ခဲ့တယ် ဂျွန်ရဲ့ ''
Jk -''အင်းပါ ဒါဆိုထယ်ကဒီနေ့ကစပြီး အလုပ်
မလာတော့ဘူးပေါ့ အင်းပါ သဘော..."
သိသိသာသာစူပုတ်သွားတဲ့ဂျွန့်ကိုကြည့်ပြီးမှ
Tae -''ရုပ်ကဘာဖြစ်တာတုန်း ပြော....
ထယ်အိမ်တောင်မပြန်ဘဲနဲ့ဂျွန်နဲ့နေနေတာ
ပဲကိုကွာ...
ထယ်ကဒယ်ဒီတို့ဆိီမှာလဲအလုပ်ဝင်အုံးမှာ
မဟုတ်သေးဘူးဆိုတော့ ဂျွန့်ကိုအချိန်
အများကြီးပေးလို့ရတယ်လေ နော်
ထယ့်ကလေးဆိုးကြီးကလဲကွာ... စူပုတ်နေ
တာပဲ...မွ ''
ဂျောင်ကု ထယ်ယောင်းဆီကအနမ်းရမှပဲ ပြုံးသွားတော့တယ်။
အချိန်က၈နာရီလောက်ဖြစ်နေပြီမို့ ဂျောင်ကု အလုပ်သွားဖို့ပြင်ရတော့တယ်
ဂျောင်ကု ထွက်သွားတော့မှပဲ ထယ်ယောင်းအပြင်ထွက်ဖို့ပြင်လိုက်တယ်။
ဂျောင်ကုရုံးခန်းထဲရောက်လို့ ထိုင်ပြီးစာရင်းဖိုင်ကိုင်ရုံရှိသေး တံခါးခေါက်သံကြားတာမို့ ဝင်ခဲ့ခိုင်းလိုက်တော့ yoongi hyungဝင်လာတယ်။
Jk -''သြော်... hyung ဘာပြောမို့လဲ"
Yoongi-"ဒီနေ့ ၁၀ နာရီလောက် gucciကCEOနဲ့
ရှယ်ယာဝင်ဖို့ဆွေးနွေးဖို့ရှိတယ်''
Jk-''ဟုတ်ကဲ့ hyung မမေ့ပါဘူး ။
ရောက်လာရင်သာကျွန်တော့်ကိုပြောပါ။"
Yoongi hyung ကခေါင်းငြှိိမ့်ပြပြီးပြန်ထွက်သွားတော့မှ စာရင်းပုံကြားခေါင်းပြန်စိုက်နေလိုက်တယ်။
ဘယ်လောက်ကြာသွားတယ်မသိ hyung က
ဧည့်သည်ရောက်ပြီလို့်လာပြောမှပဲအချိန်ကြည့်မိတယ် ၁၀ နာရီအတိဆိုတော့ မဆိုးပါဘူး
အချိန်လေးစားသားပဲ။
တံခါးခေါက်သံကြောင့်ဝင်ခွင့်ပြုလိုက်ပြီး ဝင်လာတဲ့သူကြောင့် ဂျောင်ကုမှာတော့ဖြင့်
ပါးစပ်အဟောင်းသားကိုဖြစ်ရော.....
အခန်းထဲရောက်လာသူက စလို့နှုတ်ဆက်တယ်
"Hello..... Mr Jeon"
YOU ARE READING
Don't judge a book by it's cover
FanfictionJust my imagination. So, don't blame my idols Laguage.. Burmese not English