ထယ်ယောင်းတို့ထွက်သွားတာနဲ့ နောက်မှာ
ကျန်နေခဲ့တဲ့ဂျောင်ကုမှာ ထယ့်ကျောပြင်ကိုသာစိုက်ကြည့်နေမိတယ်။ ထယ်စိ်တ်ဆိုးသွားပြီဆိုတာကိုလဲသိတာမို့ ဘေးကအရှုပ်ထုပ်မကို
နုတ်နုတ်စဥ်းချင်လာသည်။ဒါကို မသိတဲ့
ဂန်ယူနာတစ်ယောက်ကတော့
GYN-"Jeon..ခုဘယ်သွားကြမလဲဟင်...
ယူနာဗိုက်ဆာနေပြီရယ်...တစ်ခုခုသွား
စားရအောင်လား..Jeon "Jk-"ဒီမယ် ဂန်ယူနာဗျ..."
GYN -"အို..Jeonကလဲ ယူနာလို့်ပဲခေါ်ပါ
ရင်းရင်းနှီးနှီးဖြစ်တာပေါ့ အဟင်း.."Jk-"ကျစ်...မင်းကိုငါဘာပြောထားလဲ ဟမ်
ငါ့ကို 'ဂျွန်'လို့ ခေါ်ခွင့်ရှိတာ ငါ့ချစ်သူပဲရှိတာ
မင်းခုနကတွေ့လိုက်တဲ့ ကင်မ်ထယ်ယောင်း
ကတခြားသူမဟုတ်ဘူး ငါ့ချစ်သူပဲ သိထား
နောက်တခါငါ့ကို အဲ့လိုလာခေါ်ရင် ငါ့အဆိုး
မဆိုနဲ့ ခုပြန်မယ် နေခဲ့မယ်ဆိုလဲနေခဲ့.."
ဂျောင်ကု ခပ်ပြတ်ပြတ်ပြောပြီး ဂန်ယူနာရှေ့ကနေထွက်လာလိုက်တယ် ။ဂန်ယူနာတစ်ယောက်ကြားလိုက်ရတဲ့စကားတွေကို မယုံနိုင်ဖြစ်ကျန်ခဲ့တယ်။
'ဘဲကြီးကယောက်ျားချင်းတွဲနေတာတဲ့....
ဟား ဘာလား ...ဘာပဲဖြစ်ဖြစ်ကွာ....
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်လောက် သာယာမှုပေးနိုင်မှာမှမဟုတ်တာပဲ
လွယ်လွယ်လေးလုယူလို့ရနိုင်တာပဲလေ...'
တစ်ယောက်တည်း ရေရွတ်နေမိတဲ့ ဂန်ယူနာ။ဂျောင်ကု ဘာဆက်လုပ်ရမှန်းကိုမသိတော့တာ။
ထယ်ကသူရှင်းပြရင်နားလည်မှာပါ....
ေဂျာင်ကု ဖုန်းကိုယူပြီးဖွင့်ကြည့်လိုက်တော့ ထယ်ခေါ်ထားတဲ့missed call တွေ တွေ့လိုက်ရတာမို့ ဖုန်းပြန်ဆက်တော့ မကိုင်ဘူး....
'ကိုယ်သေချာရှင်းပြမှာမို့ ဖြေရှင်းချက်လေးကိုတော့ နားထောင်ပေးပါ ထယ်ရယ်' လို့ဂျောင်ကုရေရွတ်လိုက်တယ်။ထယ်ယောင်းတို့စားသောက်နေရင်း ဖုန်းမြည်လာတာကြောင့် ကြည့်လိုက်တော့ ဂျွန့်ဆီကပင်။
ထယ်ယောင်း ဂျွန့်ဆီကဘာစကားမှမကြားချင်သေးတာကြောင့် ဖုန်းမကိုင်ဘဲနေလိုက်တယ်။
ဖုန်းက၃ ကြိမ်လောက်မြည်ပြီး ဆက်မမြည်လာခဲ့။
YOU ARE READING
Don't judge a book by it's cover
FanfictieJust my imagination. So, don't blame my idols Laguage.. Burmese not English