Part 35

107 11 0
                                    

ဂျွန်လီအွန်း ထယ်ယောင်းပေးလာတဲ့လက်ဆောင်အိတ်ကိုကိုင်လို့ ကြောင်နေမိတယ်။
သူမပထမဆုံးသိထားတဲဲ့ ကင်မ်ထယ်ယောင်းကသူမတို့ကုမ္ပဏီရဲ့ လခစားဝန်ထမ်းသာသာ...
နောက်တော့ Kim groupရဲ့ဆက်ခံသူဖြစ်သွားတယ် အခုGucci Brandပိုင်တဲ့ CEOဆိုပဲ...
ဘာတွေမှန်းသေချာမသိတော့ပေမဲ့ သူမအနေနဲ့သူမသားအိမ်ထောင်ဖက်အဖြစ်ထယ်ယောင်းကို လက်ခံပေးလိုက်တာ မှန်သွားတာပဲ။
အစကတော့ ပတ်ဝန်းကျင်ရဲ့ရှုံ့ချမှုတွေကိုမခံချင်လို့တားခဲ့တာ အခုလို 'ရွှေ ရွှေချင်းထပ်မှတော့ မြတ်ပြီ'ပေါ့။
ပတ်ဝန်းကျင်ကဘာပြောမလဲ ပြောစမ်းပါစေ..
ပြောတဲ့ပါးစပ်ကို ေငွထုပ်နဲ့ပေါက်ပြီးပိတ်ခိုင်းလိုက်ရင်ဖြစ်တာပဲဟာကို....
ဂျွန်လီအွန်း သူမအတွေးနဲ့သူမ သဘောတကျပြုံးလိုက်မိတယ်။

ဂန်ယူနာ ဘဲကြီးကိုမြင်မြင်ချင်းကြွေသွားတာမို့ရည်းစားရှိရင်တောင်လုယူဖို့တွေးထားခဲ့ပေမဲ့လဲ
ခုလိုဘဲကြီးရဲ့မိဘတွေကတောင်သဘောတူကြည်ဖြူပေးထားတဲ့ဆက်ဆံရေးဆိုမှတော့ သူမအနေနဲ့လဲ ရှေ့ဆက်မတိုးချင်တော့။
တဇွတ်ထိုးဆက်လုပ်လိုက်ပြန်ရင်လဲ ခုထက်ပိုလို့  ရှ တော့မှာမို့ နောက်ဆုတ်လိုက်တော့ဖို့သာကြံရွယ်လိုက်တော့သည်။

ထယ်ယောင်းတို့လက်ဆောင်တွေပေးပြီးတာနဲ့

Tae -"အဲ့ဒါဆို မေမေ၊အန်တီမီရာနဲ့ ညီမယူနာ..
          ထယ်တို့ကိုပြန်ခွင့်ပြုပါအုံး..."

Jk's mom -"ပြန်တော့မို့်လား သားရဲ့...
                     နေ့လည်စာစားသွားတာမဟုတ်ဘူး"
ထယ်ယောင်း ဂျွန့်အမေရဲ့ ပျားသကာလိုအသံမျိုးနဲ့ လောကွတ်ချော်ပြမှုအား

Tae -''နေပါစေ..မေမေရယ် ထယ်တို့သွားစရာ
          ရှိနေသေးလို့ပါ အဟင်း"
ထယ်ယောင်းပြုံးပြုံးလေးပြန်ပြောလိုက်ပေမဲ့
စိတ်ထဲမှာတော့ 'အပြောင်းအလဲမြန်ချက်က
9+ပဲ' ရယ်လို့ခပ်ချဥ်ချဥ်တွေးလိုက်တယ်။

Jk-"အမေ သားတို့သွားတော့မယ် လာ ထယ်.."
ဂျောင်ကု တစ်ချိန်လုံး ငြိမ်နေခဲ့ပေမဲ့ ခုက
ထယ်ပြန်ချင်နေပြီဆိုတာသိတာမို့ ပြန်ဖို့ကိုသာနှုတ်ဆက်စကားဆိုလိုက်တယ်။

Don't judge a book by it's coverWhere stories live. Discover now