Part 16

83 6 2
                                    


(Unicode)

ဒီလိုနဲ့ တစ်နေ့တာကုန်ပြန်ပြီ....အချိန်တွေကလည်း ကုန်တာမြန်လိုက်တာ ဟိုသွားဒီသွား
ဟိုလုပ်ဒီလုပ်နဲ့ တစ်နေကုန်ပြန်ပြီ။ Shin လေးအတွက်တော့ စိတ်မကောင်းစရာပါ။ သူမက
Byul နဲ့ အချိန်တွေအကြာကြီးအတူရှိချင်တာလေ။ သူမတို့နှစ်ယောက် ညစာကို အခန်းထဲမှာ
ပဲစားဖြစ်လိုက်ကြတယ်။ Byul ကလည်း Shin လေးမနက်က ပြောထားတဲ့ကိစ္စကို မေ့သွားပြီအထင်နဲ့ သူမလည်း အစပြန်မဖော်တော့ပဲ ကိုယ်လက်သန့်စင်ကာ အိပ်ဖို့ တွေးထားသည်။
ဒါပေမယ့် သူမအတွေးမှားသွားခဲ့သည်။ Shin လေးကရေအတူချိုးဖို့ကို စပြောလာတော့ သူမလည်း ကတိပေးထားပြီးသားဖြစ်နေတော့ လိုက်လျောပေးရတော့မှာပေါ့။

Shin လေးက အခုထိကလေးလိုမျိုးပဲနေတာပါ။ ငယ်ငယ်ကတည်းက စန္ဒီကိုဆိုလည်း
ရေချိုးခိုင်းနေကြပါ။ သူမရဲ့ မိခင်မဆုံးပါးခင်ကတည်းက အကျင့်လုပ်ပေးခဲ့တာပါ။ အခုလိုမျိုး အရွယ်ရောက်တဲ့အထိလည်း တစ်ခါတစ်လေ စန္ဒီကိုရေချိုးခိုင်းသေးတယ်။ သူမကအဲဒီလိုကို ဖြူစင်တဲ့သူလေးပါ။ အခုလည်း သူမသဘောကြရတဲ့ Byul ကို ကလေးအတွေးဖြင့်သာ ရေအတူချိုးခိုင်းခြင်းပါ။(တစ်မျိုးထင်နေမှာဆိုးလို့ဟင်းဟင်း😁)

ထိုသို့ဖြင့် သူတို့ ရေချိုးဆောင်ရှိရာသို့ ဦးတည်လိုက်ပါတယ်။

"....."

"ဟာ မ ဘာလုပ်တာလဲ!"

"ဟင် ဘာလုပ်လို့လဲ"

"မ ဘာလို့ဝတ်ရုံကိုချွတ်နေတာလဲ"

"အခုရေချိုးမှာမဟုတ်ဘူးလား အဲ့တော့ ဝတ်ရုံမချွတ်ပဲ ဘယ်လိုချိုးရမှာတုန်း"

Byul ထိုသို့ပြောပြီးနောက် သူမကိုယ်ပေါ်မှာ အဝတ်နှင့်တူသောအရာတစ်ခုမျှ မရှိတော့ပေ။
ပြီးသည်နှင့် သူမ ရေချိုးကန်ထဲသို့ဆင်းလိုက်တော့သည်။ ရေက အရမ်းကြီးပူမနေပဲ နွေးနွေးလေး။ ရေကန်ထဲဆင်းစိမ်လိုက်သည်နှင့် တစ်ကိုယ်လုံးနွေးပြီး အညောင်းအညာပြေသွားရသည်။ Byul ရေထဲကိုဆင်းကာ နေရာယူပြီးနောက် ရေထဲလည်းဆင်းမလာ အဝတ်လည်း
မချွတ်ပဲ တောင့်တောင့်ကြီးရပ်နေသည့် Shin လေးကို သူမ စကားစလိုက်သည်။

All for you, my love (မင်းအတွက်ငါ)Where stories live. Discover now