Part 25

70 8 2
                                    

(Unicode)

ယနေ့သည် ဂျိုဆွန်းတိုင်းပြည်၏ အားလပ်ရက်ပွဲတော်နေ့ ဖြစ်သည်။ အားလပ်ရက် ပွဲတော်သည်
ဆောင်းလည်တွင် ကျင်းပလေ့ရှိသည့် ပွဲတော်တစ်ခုဖြစ်သည်။ ထိုနေ့တွင် တိုင်းသူပြည်သားအားလုံး
တို့က ရှိသမျှအလုပ်များကို တစ်ရက်တာ နားကာ၊ မိသားစုဖြင့် အချိန်ကုန်ဆုံးလေ့ရှိကြသည်။

စာသင်ကျောင်းများလည်း တစ်ရက်တာပိတ်သည်။ မိတ်ဆွေအပေါင်းအသင်းများဝိုင်းဝန်းစုဖွဲ့ကာ သောက်စားပျော်မြူးကြသည်။ ဤနေ့လေးဟာ လူတိုင်းလူတိုင်းအတွက် ပျော်ရွှင်ဖွယ်ရာနေ့လေး
တစ်နေ့ဖြစ်ကြမှာပါ။

Miriတစ်ယောက်လည်း သူမ၏ အခင်မင်ရဆုံး သူငယ်ချင်းဖြစ်သူနှင့် တစ်နေကုန် လျှောက်လည်
နေခဲ့သည်။ သူငယ်ချင်းဆိုတာထက် အစ်မတစ်ယောက် ဆိုရင် ပိုမှန်လိမ့်မည်။ သူမကလဲ တစ်ခြား
မဟုတ်၊ သူမ၏ ဖခမည်းတော်၏ မိတ်ဆွေတစ်ယောက်ဖြစ်သူ၏ သမီးဖြစ်သည်။ အိမ်နီးနားခြင်း ဖြစ်သည့်အတွက် မကြာခဏဆိုလိုတွေ့ဖြစ်ကြသည်။

သူမတို့ နှစ်ယောက် အတူရွာထဲတွင် မုန့်စားလိုက်၊ စကားပြောလိုက်ဖြင့် အချိန်ကုန်ဆုံးနေကြသည်။

"Miri ရေ ညနေတောင်စောင်းခံနီးပြီ၊ အိမ်ပြန်ကြစို့လားဟင်"

"အွန်း ပြန်ကြမယ်လေ"

သူမ ပြောပြီးမှ တစ်ခုခုကို သတိရသွားသည်။

"ဟာ..အာ ခဏလေး ကျွန်မ ရွာအပြင်နားကအိမ်မှာ မုန့်မှာထားတာရှိတယ်၊ မေ့နေလိုက်တာ"

"ဪ လုပ်ပြီ ကဲ အဲ့တာဆိုလည်း သွားယူပြီးမှ ပြန်ကြတာပေါ့ လာ"

"အာ ရ ရပါတယ် ကျွန်မပဲသွားယူလိုက်ပါ့မယ် အစ်မက အိမ်ပြန်နှင့်တော့ အစ်မ မယ်မယ်
မျှော်နေပါအုံးမယ်"

"ဪ အဲ့လိုလား၊ အွန်းပြီးရောလေ အဲ့တာဆို အစ်မပြန်နှင့်ပြီနော်၊ ဂရုစိုက်အုံး"

"ဟုတ်အစ်မ"

Miri ထိုအစ်မကို အားနာ၍ အိမ်ပြန်လွှတ်ကာ သူမတစ်ယောက်ထဲသာ ရွာအပြင်ဘက်ကို ထွက်လာ
ခဲ့တော့သည်။ ထိုအိမ်သို့ ရောက်ရန် အကြားမှာ တောအုပ်ငယ်လေးကဲ့သို့ နေရာလေးကို သူမ လျှောက်လှမ်းလာသည်။ ညနေစောင်းခံနီးဆိုတော့ ကောင်းကင်ပေါ်က နေမင်းကြီးက တောင်တန်းများ
အောက်သို့ ဝင်ခံနီးနေပြီလေ။ ဆောင်းတွင်းဖြစ်သည့်အတွက် ရာသီဥတုကတော့ တော်တော်ကို
ချမ်းစိမ့်စိမ့် ဖြစ်နေသည်။ သူမ အိမ်ပြန်နောက်ကြမည်ဆိုးသည့် အတွက် ခြေလှမ်းများကို ခပ်မြန်
မြန်လှမ်းနေခဲ့သည်။ထိုအချိန်တွင်

All for you, my love (မင်းအတွက်ငါ)Where stories live. Discover now