Part 21

66 11 0
                                    

(Unicode)

၃ နှစ်ခန့်ကြာပြီးနောက်...

နွေရာသီရောက်စပြုပြီမို့ Lavender ပန်းများဟာလည်း ပွင့်ဖူးနေလေပြီ။ သစ်ပင်များဟာလည်း
စိမ်းစိုလို့။ အရာရာတိုင်းဟာ နေသားတကျဖြင့် လည်ပတ်နေစဲပါ။ ထိုနည်းတူ နန်းတော်အတွင်း၌ လည်း လူတိုင်းကိုယ့်အလုပ်ဖြင့်ကိုယ် အလုပ်ရှုပ်နေကြစဲပါ။

"သူရ"

"အင်း စန္ဒီ ပြောလေ"

"မင်းသမီးလေး ကျုပ်တို့အနားက ထွက်သွားတာ အခုဆို သုံးနှစ်တောင်ရှိပြီနော်"

စန္ဒီ၏စကားအဆုံး သူရထံမှ သက်ပြင်းသံရှည်ကြီးကို ကြားလိုက်ရသည်။

"ထွက်သွားတဲ့သူကတော့ထွက်သွားပြီ၊ ကျုပ်တို့ကတော့ အခုထိနေသားမကျသေးပါဘူး"

"အွန်း ဘုရင်ကြီးလည်း မင်းသမီးလေးစိတ်နဲ့ ကြာရင် အိပ်ရာထဲလဲတော့မယ်၊ အသက်လည်းကြီးလာပြီလေ"

ထို့နောက် နှစ်ဦးစလုံး ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးသည်ဆိုရုံလေး ပြုံးပြီး

"ရှင်ကတော့ ပြောင်းလည်းနေပါပြီ၊ တစ်နေ့တစ်ခြား အိုလာတာ အသိသာကြီး"

စန္ဒီ ခပ်နောက်နောက်ပြောလိုက်တော့ သူရကရယ်၍

"စန္ဒီလည်းအတူတူပဲ မဟုတ်လား ဟဟ"

စန္ဒီအနည်းငယ်တော့ လိုက်ပြုံးမိသည်။ သို့သော် သူမတို့နှစ်ဦး Shin လေးမရှိတော့ကတည်းက
အရင်လိုတော့ မပြုံးပျော်နိုင်ခဲ့ပါဘူး။

"ကျုပ်ကတော့ မင်းသမီးလေးကို စောင့်နေမှာ၊ မင်းသမီးလေး ကပြောသွားတယ် သူပြန်လာခဲ့
ပါမယ်တဲ့"

သူရ၏အပြောကို စန္ဒီထောက်ခံကြောင်းဝင်ပြောသည်။

"ဟုတ်တယ် ကျုပ်လည်း မင်းသမီးလေး တစ်နေ့ပြန်လာမှာလို့ ယုံကြည်နေတုန်းပဲ"

စောင့်စိုင်းနေသူတွေကတော့ ဆက်လက်စောင့်စိုင်းနေဦးမှာပါပဲ။ ပြန်လာမလာကတော့ မည်သူမှ
အတိအကျ မပြောနိုင်ပါဘူး။

———————

"ဖခမည်းတော် ဒီမှာထမင်းကျက်ပြီနော်၊ စားတော့မလား"

All for you, my love (မင်းအတွက်ငါ)Donde viven las historias. Descúbrelo ahora