Part 7

81 12 0
                                    

Comment လေးတွေရေးသွားပါဦးဆို နော်😚

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခန်းထဲတွင်

Shin : မ...မ...အိပ်နေပြီလား

Byul : မအိပ်သေးပါဘူး ဘာလဲပြော

Shin : မီးကိုပုံပြင်ပြောပြပါလားဟင်

Byul : ဘာ ပုံပြင်ဟုတ်လား? မပြောပြပါဘူး ကလေးလည်းမဟုတ်ပဲနဲ့

Shin : မီးက ကလေးလေ🙂

Byul : ဒါကြီးက ကလေးလား😏

Shin : ဘာပဲဖြစ်ဖြစ် ပြောပြပါနော်...

Byul : ငါကဘာကိုပြောရမှာတုန်း ပုံပြင်မှမပြောတတ်တာ

Shin : ဟင် မကလဲ မီးပုံပြင်နားမထောင်ရတာကြာပြီမို့လို့ပါ မေမေက
မီးဟိုးးးငယ်ငယ်တည်းက ဆုံးသွားတာဆိုတော့ ပြီးတော့ ဖေဖေကလဲ
အမြဲတမ်းအလုပ်ရှုပ်နေတာ 🥺

ဆိုပြီး မျက်ရည်လေးတွေ ဝဲလာတဲ့သူမကို Byul ကြည့်ရင်း တစ်ချက်ပြုံးပြီး

Byul : ဟိတ် ဒီမှာကြည့် မ ပြောပြမယ်

Shin : ပုံပြင်လား

Byul : မဟုတ်ပါဘူး..မ ပြောမှာက အဲ့လို မပျော့ညံ့ရဘူးလို့ ဘဝဆိုတာဒီလိုပဲ
ကိုယ့်မှာ ဘယ်လိုအခက်အခဲတွေရှိရှိ ဘယ်လိုအခြေအနေတွေနဲ့ပဲကြုံကြုံ ဘယ်တော့မှ
စိတ်ဓာတ်မကျရဘူး ငိုလဲမငိုနဲ့ ထစ်ခနဲဆို မျက်ရည်ကျတတ်တဲ့ အကျင့်ကိုဖျောက်
အခုကစပြီးငိုရင် မ မင်းဘေးနားမှာမနေတော့ဘူး အဲ့လိုငိုတာကိုမကြိုက်ဘူး ကြားလားး!

Shin : .........

Byul : ကြားလားလို့ပြောနေတယ်လေ?

Shin : ahh...ဟုတ်

ထို့နောက် Shin လေးခဏတာတိတ်ဆိတ်နေမိသည်

Byul : ဘာလဲ စိတ်ဆိုးသွားတာလား

Shin : မဟုတ်ပါဘူး ဒီတိုင်း...မ က မီးကိုတစ်ခါမှအဲ့လိုမပြောဘူးတော့...ဟုတ်ကဲ့ပါ
မ မကြိုက်ရင် မငိုတော့ဘူးနော် မ ပဲ မီးဘေးနားကထွက်မသွားနဲ့(အိပ်ခြင်မူးတူးလေးနဲ့ပြောနေတဲ့သူမ)

Byul : ဟမ်...မရဘူးလေ မ ကအမြဲတမ်းမင်းဘေးနား မှာနေပေးနိုင်မှာမှမဟုတ်တာ
မ မှာလဲ မ အလုပ်ရှိသေးတယ်လေ...မင်းလဲ တစ်ချိန်ကြရင် နန်းတော်ထဲပြန်သွားရမှာ
မဟုတ်ဘူးလား? မဟုတ််ဘူးလားလို့......ဟာအိပ်ပျော်သွားပြီလား ဟားဟားဒီကလေးကတော့😌  

All for you, my love (မင်းအတွက်ငါ)Donde viven las historias. Descúbrelo ahora