Part 26

59 10 0
                                    

(Unicode)

Shin လေးတစ်ယောက် ရွာနှင့်အနည်းငယ်လှမ်းသည့် ပင်လယ်ဘက်သို့ ထွက်လာခဲ့သည်။
ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက် မိနစ်နှစ်ဆယ်လောက် သူမ လျှောက်လာခဲ့သည်။ လက်ထဲ
တွင်လည်း အထုပ်တစ်ထုပ်ကိုကိုင်ထားသည်။ထို့နောက် သူမက ကျောက်ဆောင်ကျောက်တုံးကြီး
များဖြင့် ကာရံတည်ရှိနေသော ဂူကြီးတစ်ဂူအထဲသို့ ဝင်သွားသည်။

"ဘကြီး"

သူမ တစ်စုံတစ်ယောက်ကို ခေါ်နေသည်။

"ဘကြီးရေ"

သူမ၏ ခေါ်သံကြောင့် အသက်၆၀ခန့်ရှိမည့် အဘိုးအိုတစ်ယောက် ထွက်လာသည်။

"သမီးလေး ရောက်လာပြီကိုး...ဘကြီးကလည်း တွေ့ခြင်နေတာ"

"ဟုတ်တယ် ဘကြီး၊ အခုတလော အလုပ်ရှုပ်နေလို့ ဘကြီးစီမလာဖြစ်တာပါ"

"အေးကွယ် ထိုင်ဦးလေ"

"ဟုတ် ဪ ဒီမှာ ဘကြီးအတွက် သမီးက ဘကြီးကြိုက်တဲ့ စားစရာနည်းနည်းယူလာတယ်"

"လုပ်လာပြန်ပြီကွယ် ဘကြီးအတွက် အဲ့တာတွေမလိုပါဘူး ငါ့သမီးပင်ပန်းပါတယ်"

"မပင်ပန်းပါဘူး ဘကြီးရဲ့ ကိုယ့်ရဲ့အသက်သခင် ကျေးဇူးရှင်ကို ဒီလောက်တော့ သမီးပြန်
လုပ်ပေးသင့်ပါတယ်၊ ဒါပေမယ့် သမီးက ဘကြီးကို စားစေခြင်လို့ ယူလာတာနော်၊ အဲဒီလို
ကျေးဇူးဆပ်တယ်ဆိုပြီး သဘောမထားပါနဲ့နော် ဘကြီး"

"အေးပါကွယ် အေးပါ"

ထို့နောက် သူမက ထိုအဘိုးအိုဖြင့် စကားစမည်ပြောနေခဲ့သည်။ မွန်းတည့်ချိန်ကျော်မှ သူမ
အိမ်သို့ ပြန်လာခဲ့သည်။

——————————

"မ"

"ဪ ရောက်ပြီလား"

"ဟုတ်"

"လာသွားကြမယ်"

"အခုကဘယ်ကိုသွားမှာလဲဟင်"

"Shin လေးမရောက်ဘူးတဲ့ တစ်နေရာရာပေါ့"

"ဟုတ်လား"

"အွန်း လာ"

ဆိုကာ Byul က လက်ကမ်းပေးသည်။ သူမကလည်း Byul ကို ပြန်၍လက်ကမ်းပေးသည်။
သူမတို့ အတူ လမ်းလျှောက်လာခဲ့သည်။

All for you, my love (မင်းအတွက်ငါ)Waar verhalen tot leven komen. Ontdek het nu