Part 12

85 10 2
                                    

(Unicode)

"မ"

"ပြော"

"မ နန်းတော်ထဲမရောက်ဖူးဘူး မဟုတ်လား"

"အင်းပေါ့"

"အာ့ဆို လာမဲ့ လပြည့်နေ့၊ ဖခမည်းတော်မွေးနေ့ကြရင် ဒီကိုပြန်လာခဲ့လေ။
မ ကိုနန်းတော်ထဲ လိုက်ပြမယ်"

တိုင်းပြည်အရေးကြုံသောအခါနှင့် မင်းကြီး၏ လျှို့ဝှက်အမိန့်များ ထမ်းဆောင်ရလျှင် အပြင်သို့ထွက်ရန် နန်းတော်၏ မြောက်ဘက်တွင် ထားရှိသောလျှို့ဝှက်အပေါက်မှ ခိုးထွက်
လာသဖြင့် ယခုလည်းShinလေးသည် ထိုအပေါက်မှ ပြန်ဝင်ရန် ရောက်ရှိနေပြီ။ ထိုတံခါး ပေါက်ရှေ့တွင် သူမတို့နှစ်ယောက် စကားရပ်ပြောနေခြင်းဖြစ်သည်။

"အာ တော်ပါ။ တော်ကြာနေ တိုင်းပြည်ပုန်ကန်သူတွေ အဖွဲ့ထဲကဆိုပြီး ဖမ်းသွားမှ"

"ဘာမှမဖြစ်ပါဘူး။ မ အဲ့အဖွဲ့ထဲက ထွက်လိုက်ပြီပဲကို။ ပြီးတော့ မီးသူငယ်ချင်း
လို့ပြောလိုက်ရင် ဘယ်သူမှဘာမှမလုပ်ရဲပါဘူး.....လာခဲ့ပါနော် မ နော်"

"......အွန်း..."

"အာ့ဆို လာမဲ့လပြည့်နေ့ ကြရင် အရှေ့တံခါးဝကိုပဲလာခဲ့နော်...ရော့ ဒီမှာ
ဒီတံဆိပ်ပြားလေးယူထား အဲ့နေ့ကြရင် ဒါလေးပြပြီးဝင်ခဲ့လိုက် မီးစောင့်နေမယ်နော်
မ သွားပြီနော် ဒီနားမှာကြာကြာနေလို့မကောင်းလို့"

"အင်းပါ သွားတော့"

နှုတ်ဆက်ရင်း အော်ပြောသွားသေးသည် "ချစ်တယ် မ" တဲ့။

'မ လဲမင်းကိုချစ်ပါတယ်ကွယ်' Byul ရင်ထဲကပြောတဲ့စကားကိုတော့
Shin လေးကြားမယ်မထင်။

➤➤➤➤➤

"အဟက် ဒါဆိုပိုအဆင်ပြေသွားတာပေါ့"

ဆန်အရက်ခွက်ကို တစ်ချက်မော့ရင်း

"အခြေအနေတွေက ငါတို့စီစဉ်ထားတဲ့အတိုင်းဖြစ်လာတော့မှာ ဟားဟားဟား
အဲ့ဒီဘုရင်ဆိုတဲ့ကောင် တစ်နေ့ ငါ့​ ခြေထောက်အောက်ရောက်စေရမယ်"

ပိုင်နိုင်လွန်းတဲ့အကြံနဲ့ သူကို သူ၏ရှေ့တွင် လူတစ်ယောက်ကတော့ မတ်တတ်ရပ်လျက်
အေးစက်စက်အကြည့်များဖြင့်သာ။

All for you, my love (မင်းအတွက်ငါ)Donde viven las historias. Descúbrelo ahora