(Unicode)
Shin လေး သူရထံမှ Byul ၏တည်နေရာကိုသိရှိပြီဖြစ်သောကြောင့် Byul ထွက်ပြေးတိမ်းရှောင်နေ
ရကြောင်းကို ကြားသိရသည်။ သူမ အတော်ကို တုန်လှုပ်သွားခဲ့သည်။ အကယ်၍သာ Byul ကို
မိသွားခဲ့လျှင် ရက်ရက်စက်စက်သတ်ပစ်ကြမှာကို သူမသိသည်။ စန္ဒီနှင့်သူရတို့ကို ဖြောင်းဖြပြော
ဆို၍လည်း သူတို့ကလက်မခံကြပေ။ Byul ကိုဖမ်းမိရန် ရုံးတော်မှလည်း အတော်ကိုကြိုးပမ်းနေသည်။ယခုအချိန်သူမ တတ်နိုင်သည်မှာ တစ်ခုသာရှိတော့သည်။ ထို့ကြောင့် သူမ အဆောင်တော်မှထွက်ကာ
ဖခမည်းတော်အဆောင်တော်သို့ ခြေလှမ်းတို့ကို ဦးတည်ခဲ့တော့သည်။"သမီးတော် လာရင်းအကြိုးအကြောင်းလေးပြောပါဦး"
"ဖခမည်းတော်...သမီးတော် တောင်းဆိုစရာတစ်ခုရှိပါတယ်"
"ဟေ တောင်းဆိုစရာဟုတ်လား၊ ဘာများလဲ သမီးတော်ရဲ့၊ တစ်စုံတစ်ခု လိုခြင်တာရှိလို့လား"
"လိုခြင်တာရယ်လို့တော့ မဟုတ်ပါဘူး...သို့ပေမယ့်....ဖခမည်းတော်
လိုက်ရောပေးမယ်မဟုတ်လားဟင်""ကဲ ပြောပါဦး"
Shin လေးအသက်ကိုဝဝရှုသွင်းကာ
"အခုထွက်ပြေးလွတ်မြောက်နေတဲ့ ရာဇဝတ်သား Moon Byul Yi ကိုလွှတ်ပေးဖို့ပါ"
"ဘယ်လို..."
သူမ၏စကားကြောင့် မင်းကြီးခမျာ မျက်လုံးပြူးသွားရသည်။
"အဲ့ဒါ..."
"မရဘူး သမီးတော်၊ ဒါတော့ ဖခမည်းတော်လုံးဝ ခွင့်မပြုဘူး"
"ဖခမည်းတော်ရယ် သမီးတော်တောင်းပန်ပါတယ်...ဒီတစ်ခေါက်..."
"တော်...အဆောင်တော်ကိုပြန်တော့"
"ဖခမည်းတော်....ဖခမည်းတော် သမီးတော်တောင်းပန်ပါတယ်"
"အထိန်းတော်ကြီး မင်းသမီးကို အဆောင်တော်ပြန်ပို့ပေးလိုက်"
"မှန်လှပါ မင်းကြီး"
ထို့နောက် ထိုအထိန်းတော်ကြီးက Shin လေးကိုလက်မောင်းမှ ဆွဲထူပေးကာ အဆောင်တော်သို့
ပြန်၍ခေါ်လာခဲ့တော့သည်။
YOU ARE READING
All for you, my love (မင်းအတွက်ငါ)