Part 28

57 3 0
                                    

(Unicode)

ဒီနေ့ဟာ Shin လေးနန်းတော်သို့ပြန်ရောက်သည်မှာ ငါးလပြည့်ခဲ့ပြီ။ မင်းသမီးလေးပြန်လည်၍
ရောက်ရှိလာကြောင်း၊ နတ်ရွာမစံသေးကြောင်း ကြားသိရသည့် ပြည်သူတွေခမျာ အပျော်လုံးစို့ကာ
အံ့ဩဝမ်းသာနေကြသည်။ နန်းတော်အတွင်းရှိ တာဝန်ရှိသူများအားလုံး ဝမ်းသာနေကြသည်။
ဘုရင်ကြီးကလဲ သူ၏သမီးတော်လေး နန်းတော်သို့ပြန်လာပြီဖြစ်သည့် အတွက် စားပွဲသောက်ပွဲကျင်းပပေးခဲ့သည်။

ယခုဆိုရင်တော့ သူမ၏ မူလနေရာသို့ ပြန်ရောက်သည်မှာ ငါးလတောင်ကြာခဲ့ပါပြီ။ Shin လေး
သည် ဖြစ်ကြောင်းကုန်စဉ်ကို စန္ဒီနှင့်သူရကို ပြောပြပြီးပါပြီ။ Byul ကိုခွင့်လွှတ်ပေးဖို့ကိုလည်း အကြိမ်
ကြိမ်တောင်းဆိုခဲ့သည်။ Byul ကို ဝရမ်းပြေးတစ်ယောက်အဖြစ်မှ လွတ်မြောက်ရန် ခံဝန်စာများလည်း
ရုံးတော်သို့ အကြိမ်ကြိမ်တင်ခဲ့သည်။ သို့သော်အချည်းအနှီးသာ...။ Byul ကျူးလွန်ခဲ့သည်များက
များပြားလွန်း၍ မဖြေလျှော့ပေးနိုင်ကြောင်း ကြားသိရသည်။

"သူရ"

"ပြောပါ မင်းသမီးလေး"

"ဟို..."

"အဲဒီ သစ္စာဖောက်ကို လွှတ်ပေးဖို့တော့ ထပ်မပြောပါနဲ့မင်းသမီးလေးခင်ဗျာ့၊ ကျွန်တော်မျိုး
ကိုယ်တိုင်လည်း ခွင့်မလွှတ်သလို၊ ရုံးတော်ကလည်း လွှတ်ပေးမှာ မဟုတ်ပါဘူး"

"အာ...သူရရယ် မမကအဲဒီလို လူမျိုးမဟုတ်ပါဘူး၊ မမ အရင်တုန်းကကျူးလွန်
ခဲ့တာတွေကိုတော့ ခွင့်လွှတ်ပေးလိုက်ပါနော်၊ မမက မီးအပေါ်မှာ အရမ်းကောင်းတာပါ၊
မီးကိုလည်း အရမ်းဂရုစိုက်တယ်လေ၊ မင်းသမီးအပေါ်မှာ ဂရုစိုက်တဲ့သူကို လွှတ်ပေးသင့်
တယ်မဟုတ်ဘူးလားဟင်"

သူရ သက်ပြင်းအရှည်ကြီးခြလိုက်သည်။

"မရပါဘူး မင်းသမီးလေး၊ ကျွန်တော်မျိုးတို့ မင်းသမီးလေးကို နောက်ထပ်တစ်ခေါက် အဆုံး
အရှုံးမခံနိုင်ပါဘူး၊ သူမကိုလွှတ်ပေးလိုက်တယ်ထားပါတော့၊ သူမက မင်းသမီးလေးအတွက်
အန္တရာယ်ရှိလာနိုင်တာပဲ မဟုတ်ဘူးလား မင်းသမီးလေး"

All for you, my love (မင်းအတွက်ငါ)Onde histórias criam vida. Descubra agora