(Shine ရဲ့ "မင်းအတွက်ငါ" သီချင်းလေးနားထောင်ပြီး ဖတ်ပါနော်)
တင်ပါးအထိရှည်လျားသော ဖြောင့်ဆင်းနက်မှောင်သည့် ဆံနွယ်များကို တစ်ဝက်ခန့် စည်းနှောင်
ထားကာ ပန်းနုရောင် ဝတ်စုံကလေးဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။ အများအမြင်
တွင်တော့ ထိုမိန်ကလေးဟာ ရုပ်ရည်ချောမောကာ စည်းစိမ်ဥစ္စာများဖြင့် ပြီးပြည့်စုံသည့် ဘဝတစ်
ခုကို ပိုင်ဆိုင်ထားမည်ဟု ထင်မြင်ကြမည်မှာ မလွဲ။အမှန်တစ်ကယ်တော့ သူမလည်း လူတွေထဲကလူပါပဲ။ ပြီးပြည့်စုံသည် ဆိုသည့် လူဆိုသည်မရှိပေ။ လူတိုင်းဟာ တစ်စုံတစ်ခုကတော့ ချို့ရွင်းနေကြတာချည်းပါပဲ။
နန်းတော်အတွင်း မြင်းတစ်ကောင်ကို တစ်ဟုန်တိုးစီးနှင်းလာသော အိမ်ရှေ့မင်းသမီးလေးကြောင့်
တွေ့သမျှနန်းတော်အတွင်းရှိ လူတိုင်း နားမလည်စွာဖြင့် တအံ့တဩ ဖြစ်နေကြသည်။ သို့သော်
သူမ မှာတော့ ထိုလူများကိုလည်း ဂရုမစိုက်အားပါ။ အရှိန်ကို မြန်နိုင်သမျှမြှင့်တင်ပြီး ဆက်လက်
၍ မောင်းနှင်နေခဲ့သည်။ ဝိုင်းဝိုင်းစက်စက် မျက်ဝန်းများအတွင်း အရည်ကြည်များလဲ့နေကာ
စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။သူမ မြင်းအပေါ်မှဆင်းကာ တရားရုံး၏ နားဘေးရှိ နားနေဆောင်အတွင်းသို့ လျင်မြန်စွာ အပြေးသွား
ခဲ့သည်။"မင်းသမီးလေး....အဘယ်ကြောင့် လာရောက်ပါသနည်း"
ရုံးတော်တွင် ရာထူးအကြီးဆုံးဖြစ်သူ တရားသူကြီးမှ သူမကိုတွေ့သောအခါ ချက်ချင်းပင်
အရိုသေပေးတော့သည်။ သူမကလည်း မဆိုင်းမတွပဲ"တရားသူကြီးမင်း...အခုလိုက်လံဖမ်းစီးနေတဲ့ ရာဇဝပ်သားကို လွှတ်ပေးဖို့
ယခုချက်ချင်း ရဲမက်များကို စေခိုင်းပါ"သူမ၏ အမိန့်ဆန်ဆန် စကားကြောင့် တရားသူကြီးခမျာ အံ့ဩလို့ပင်သွားရသည်။ ယခင်က
မင်းသမီးလေး ဆိုသည်မှာ ယခုလို အမိန့်စကားမျိုးပြောဖို့ နေနေသာသာ လူတန်းစားအားလုံးကို
တရင်းတနှီးဖြင့် စေတနာထားဆက်ဆံတတ်သူ။ ယခုလို စကားမျိုးကြားရတော့ တရားသူကြီးမင်း
ပါးစပ်အဟောင်းသားဖြင့် သူမကို ကြောင်ကြည့်နေမိသည်။ ထိုအချိန်တွင်ပဲ အသံစူးစူးကလေးဖြင့် ထပ်မံ၍ အမိန့်ပေးလာသည်။
KAMU SEDANG MEMBACA
All for you, my love (မင်းအတွက်ငါ)