Part 20

75 12 0
                                    

(Unicode)

Shin လေးတစ်ယောက် ဦးတည်ရာမဲ့စွာ မောင်းနှင်နေစဲ။ မျက်နှာတွင်လဲ မျက်ရည်များ
ရွှဲလို့။ ရုတ်တရက် ဖြစ်လာခဲ့သည့် ကိစ္စများကို သူမ အခုထိ နားမလည် လက်မခံနိုင်သေး။
ငိုနေရုံမှတစ်ပါး မတတ်နိုင်ခဲ့သည့် အတွက် သူမအလွန် စိတ်မကောင်းဖြစ်ရသည်။ သူမ
ထိုသို့ အတွေးဝင်နေစင်မှာပဲ....

"စွက်"

"အာ့"

သူမ၏ ညာဘက်ပုခုံးပေါ်သို့ စိုက်ဝင်လာသည့် မျှားတစ်စင်း။ သူမ အနောက်ကိုလှည့်ကြည့်မိတော့။ မ ။ သူမကို ရန်ညှိုးရှိသည့် လူတစ်ယောက်လို စိမ်းစိမ်းကြီး ကြည့်နေကာ သူမ အနောက်သို့ တစ်ဟုန်တိုး လိုက်လာနေသည့် Byul။ Shin လေး သူမပုခုံးပေါ်မှ မျှားကို လက်
ဖြင့်ဆွဲနှုတ်ကာ အဝေးသို့လွှင့်ပစ်လိုက်သည်။

သူမ အရမ်းနာကြင်နေသည်။ ဒဏ်ရာတွေကြောင့်ရော၊ ရင်ဘတ်ထဲကရော။ Byul ကိုလည်း အရမ်းကြောက်နေမိသည်။ အနောက်သို့တစ်ဖန်လှည့်ကြည့်မိတော့ သူမနှင့် အတော်နီးနေ
ပြီဖြစ်သည်။ Shin လေး အရှိန်တင်ကာ မောင်းနှင်မိသည်။ Byul ကလည်းသူမအနောက်သို့
မရပ်မနားလိုက်သည်။

Shin လေးထိုသို့ မောင်းနှင်ပြေးနေရင်းက တိုင်းပြည်နှင့်အတော်ကို ကွာဝေးလာသည်။ လူ
နှင့်တူသောအရာ တစ်ခုတောင်မတွေ့ရပေ။ ခဏအကြာ သူမ ရေသံများကြားရသည်။သဲသောင်
ပြင်များကို ရေ ၏လာရောက်တိုက်ခိုက်သံ။ သူမ အနည်းငယ်ရှေ့ဆက်သွားလိုက်သည့်အခါ
ပင်လယ်ကြီးကို ကောင်းကောင်းတွေ့နေရသည်။ နေမင်းကြီးလည်း စတင်ပေါ်ထွန်းလာပြီ။ သဲသောင်
ပြင်တစ်လျှောက် သူမ မောင်းနှင်လာရင်း။

"စွက် စွက်"

"အား"

"ဘုတ်...အာ့"

Shin လေး မောင်းနှင်လာသော မြင်း၏ ပေါင်ကို Byul မျှားဖြင့် ပစ်လွှတ်လိုက်သောကြောင့် မြင်းဟာ လန့်၍ ခုန်လိုက်သည့်အခါ Shin လေးမြင်းပေါ်မှပြုတ်ရခြင်းဖြစ်သည်။

"အာ အား"

"အဲ့တာကြောင့်ပြောတယ် အဖမ်းခံပါလို့၊ မင်းလုပ်တာ ငါပါမောတယ် သိရဲ့လား၊
အခုမင်းကြောင့် ငါ့လက်မှာ ဒဏ်ရာရတာ"

All for you, my love (မင်းအတွက်ငါ)Where stories live. Discover now